မိုး၊ လေ နှင့် ဝသအထူးသတင်း

စကားဦး။ ။ ကျွန်တော်မအားပါဘူး။ ဘာလို့မအားသလဲ မအားချင်လို့မအားတာပါ။
အကြောင်းကတော့ ၁၈နှစ်အောက် ကလေးများအတွက် အင်တာနေရှင်နယ်မှတ်ပုံ
တင်ထုတ်ပေးဘို့ အစီအစဉ်တွေလုပ်နေရတဲ့အတွက် မအားတာလည်းဖြစ်ပါတယ်။
(ဖြီးထားမှ)။ မအားတဲ့ကြားက ပျံကျားရေးဝံကြီး ချမ်းရဲ ရဲ့အကူအညီ တောင်းခံမှု
ကြောင့် အခုလိုသတင်းထုတ်ပြန်ရေးကို ဝင်ရောက်ထမ်းဆောင်ရခြင်းဖြစ်ပါတယ်။
၎င်းနှင့် ကျွန်တော် ဒူဘိုင်း လေဆိပ်နားက လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည် တစ်ပုလင်း
စီ မှာသောက်ရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ လွတ်လပ်
ရေးနေ့ နေ့လည်စာစားပွဲ အကြောင်းနှင့် စားပွဲမတိုင်မီ ကျင်းပခဲ့တဲ့ ပျော်ပွဲရွှင်ပွဲများ
အကြောင်းကိုလည်း ၄င်းက အသေးစိပ် ရှင်းပြခဲ့ပါသေးတယ်။ ပထမဆုံး သူ
ယှဉ်ပြိုင်ခဲ့သော ဂုံနီအိပ်စွပ် အပြေးပြိုင်ပွဲအကြောင်း၊ ဂေါင်းအုံး ရိုက်ပြိုင်
ပွဲတွင် သဘာငတိ ဂျဲဂျယ် အခါခါ ပြုတ်ကျခဲ့တဲ့အကြောင်း၊ ချောတိုင်တက်ပွဲတွင်
ဌက်ကထကြီးပုဆိုးကျွတ်ကျ ခဲ့တဲ့အကြောင်း၊ လွန်ဆွဲပွဲတွင် လွန်ကြိုးပျက်သဖြင့်
နှစ်ဖက်ဝံကြီးများ အတုံးအရုံးလဲကျခဲ့၍ သရေပေးလိုက်ရသည့်အကြောင်း၊ ပြိုင်ပွဲ
တွင် ပွဲစဉ်အားလုံး ဒိုင်လူကြီးအဖြစ် တစ်ဦးတည်းသောအသင်းသား ကေလာ မှတဝန်ယူ ခဲ့ရကြောင်း။ ထို့အပြင် တွင်း၂ ဗီလိန်သည်လည်းပြည်တွင်းရောက်ရှိနေ
သဖြင့် ပြည်တွင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မိုးပြဲဒယ်အိုးဖင်ပေါ်
တွင်ကပ်ထားသော အကြွေစေ့များအား လက်မကူပဲ ပါးစပ်ဖြင့်သာ ခွာယူရသော
ပြိုင်ပွဲ၌ ဗီလိန် ပထမဆုဆွတ်ခူးခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် နေ့လည်စာအဖြစ်
အုန်းထမင်း၊ ငါးသလောက်ပေါင်း၊ မျှစ်ချဉ်ဟင်း၊ ကြက်ဟင်းခါးသီးကြော်၊ ကြောင်
လျှာသီးသုပ်၊ ဆူးပုပ်ရွက် အစရှိသူတို့ဖြင့် ကြွေးမွေးအပြီး အချိုပွဲအဖြစ် သကြားလုံး၊
နွားနို့၊ ဖရဲသီး၊ ဘဲဥပြုပ်၊စိမ်းစားဥ အစရှိသောမြန်မာ အစားအစာ များဖြင့်တည့်ခင်း
ဧည့်ခံခဲ့သည့် ကြောင်းများအား ခရားရေလွှတ်ရှင်းပြခဲ့ရင်း ၄င်းဆွတ်ခူးရရှိခဲ့သော
ဆုအားထုတ်ကြွားခဲ့သေးသည်။ ( ဗလာစာအုတ်နှင့် ကျောက်တံတစ်ချောင်းဖြစ်၏)။
ထို့နောက် ဤမိုးလေဝသ သတင်းအား သူမအားပါသဖြင့် ကိုယ်တိုင်သာကြေငြာ
ပေးရန် ကျွန်နုပ်အား မေတ္တာရပ်ခံခဲ့သည်။ ကြေငြာရတာပ……

မိုးလေဝသ အထူးသတင်း

မိုးလေ ဝသနှင့် ဇလဗေဒ ဌာနမှပေးပို့သောသတင်းများအရ မိုးရေချိန်တိုင်းကရိ
ယာ ခြံအတွင်း ဖား ၁၀ကောင်အနက် ၆ကောင် အော်နေပါသဖြင့် ရွာရန်ရာနှုန်း
၆၀ ဖြစ်ပါသည်။
ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၁၅၀ အတွင်း အဆင်ပြေသလို
တိုက်မှာဖြစ်ပြီး။ သင်္ဘောကြီးကြီး သွားပါက လှိုင်းကြီးနိုင်ပါသည်။
နောက်နှစ်ရက် အဖို့ မြန်မာပြည်တစ်ပြည်လုံးတွင် ပလူကောင်များပျံ တက်နေ
သည်ကိုကြည့်ခြင်းအားဖြင့် သာယာမည်။

မြစ်ရေကြီးခြင်းသတင်း
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့ ကမ်းနဘေးတွင်တိုင်းထွာချက်အရ ၁၀စင်တီ
မီတာ နှင့် ၂၂ စင်တီမီတာအတွင်း လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေပြီး၊ မြစ်အလယ်တနေ
ရာတွင် တိုင်းထွာချက်အရ စိုးရိမ် ရေအမှတ်၁၂ မီတာ နှင့် အထက်တွင်ရှိနေသဖြင့်
ကမ္ဘာကြီး ၄၅ ဒီဂရီ တိမ်းဆောင်းနေဖွယ် ရှိသည်ဟု ၄င်းမြို့အတွင်းကွမ်းယာ ဆိုင်
ဝန်ထမ်း တစ်ဦးမှ ခန့်မှန်းပြောဆိုခဲ့သည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ကျွန်တော့်ဂျီးတော်မြို့တွင် တိုင်းထွာချက်အရ စိုး
ရိမ်ရေအမှတ်သို့ ကောက်ခါ ငင်ခါ တက်လာဖွယ်ရှိခြင်းကြောင့် သက်ဆိုင်ရာ ဆယ်
မြောင်းဝံကြီးဖြစ်သူ သံလွင်ဟီးရိုး မှသတိပေးဆော်သြ မှုများထုတ်ပြန်ထားသည်။
မြစ်ရိုးတလျှောက် မြို့များ ကျေးရွာများအား ကြိုတင်ကာကွယ်သော အနေဖြင့်
တုံကင်ရေ၊ တွင်းရေ၊ ကန်ရေ၊ အစရှိသော အဝီစိ ရေများအား အသုံးမပြုကြရန်နှင
့် မိုးရေများအားရသရွေ့သိုလှောင်ပြီး မြစ်ရေကိုသာ များများခပ်၍ အသုံးပြုကြရန်
… အထူးသတိပေးကြေငြာ ထားသည်။

လေမှုန်တိုင်းသတင်း
တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း အင်အားအတန်ငယ်ဖြင့်စတင်နေသော ဆူနာဂစ်
အမည်ရှိ လေမြေရေငလျင် မုန်တိုင်းကြီးသည် ၄င်းသမုဒ္ဒရာအတွင်း ဖျက်သန်းသွား
လာနေသော ပင်လယ်ကူး သင်္ဘောကြီးများထံ၌ မြန်မာပြည်လိပ်စာအား စုံစမ်းနေ
ကြောင်း ရေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူ ဒလမြို့သမ္ဘာန်သမားတစ်ဦးမှ
ထုတ်ဖေါ်ပြောကြားခဲ့သည်။

မိုး၊ လေ နှင့် ဝသ သတင်း ဤတွင်ပြီး၏။ ။
သတင်း ထုတ်ပြန်ရာ ဌာန = ငပေါများဂေဟာ

လက်ပြစ်ကူးနေတဲ့ စိတ်

ပို့စ်အသစ်တင်ရမှာ ပျင်းနေလို့ အေးရာအေးကြောင်း ဟိုလိုလို ဒီလိုလို လုပ်နေ
မိတယ်။ တချို့က ကြည့်မရဘူးထင်ပါတယ်… TAG လိုက်ကြပြန်တယ်လေ…။
တခြားလူတော့မဟုတ်ပါဘူး။ သဘာပတိ (ခ) ဂျဲဂျယ် နဲ့ ဂျပန်မလေး မယ်ဂုမိတို့ပါပဲ။
အခုရက် သူငယ်ချင်းတွေအားလုံးက ဂျပန်မလေး ဂုဂုကို ဂရုတစိုက်
ပျော်အောင်ထားနေရတဲ့ သဘောရှိပါတယ်။ သူငယ်ချင်းဆိုတာ ဒါပေါ့ အားငယ်
သူကို ဖေးကူကြရစမြဲပဲလေ….။
စိတ်ကူးအကြောင်းရေးပေးပါ တဲ့…….
လူတိုင်းမှာ စိတ်ကူးလှလှလေးတွေ ရှိတတ်ကြတာပဲမဟုတ်လား.။ ဒီတော့ ကျွန်
တော့်မှာလည်း စိတ်ကူးယဉ်စရာတွေ ရှိပါပေါ့။ စိတ်ကူးရတာ ငွေမကုန်သလို လူ
လည်းမပင်ပန်းဘူးလေ…. ပျော်စရာ ဆိုရင် ကြိတ်ပီးတော့တောင် ပျော်နေရသေး
တယ်။ အဟဲ…
ကျွန်တော် ဝါသနာပါပြီး သိပ်ဖြစ်ချင်ခဲ့တဲ့ အလုပ်တစ်ခုရှိတယ်။ အဲဒါကတော့
သရုပ်ဆောင်တစ်ယောက် ပေါ့….။ ( မဲ့ပြုံးလေးများ ပြုံးကြမလား… ကိစ္စမရှိပါဘူး
နောက်နောင် မရှက်တော့မဲ့အကြောင်း ငပေါများဂေဟာ က ငပေါကြီးတွေဆီမှာ
ကတိပေးခဲ့ပြီးပြီလေ… မရှက်ပေါင် )။ ဆက်ပြောမယ် ဘယ်လိုသရုပ်ဆောင်မျိုးလဲ
….. တန်ရာတန်ရာပဲ စိတ်ကူးခဲ့တာပါ။ ၁၉၉၅-၉၆ လောက်က မြဝတီ ရုပ်သံက
နေလွှင့်တဲ့ …. နှင်းဆီဝိုင် ဆိုတဲ့ဇာတ်လမ်းလေးကိုကြည့်ရင်း ဒီပိုးစတင်ခဲ့မိပါတယ်။
အလားတူ ကျောင်းဇာတ်လမ်းတွေလည်း ဆက်ကြည့်ဖြစ်ခဲ့တယ်..။ နောက်ကျ၊
နတ်သမီးထောင်ခြောက်၊ တကယ်လို့များ အစရှိတဲ့ ဇာတ်လမ်းတော်တော်များများ
မှာပါဝင်ခဲ့ကြတဲ့…. အရိုင်း ၊ ကုသိုလ်၊ ကင်းကောင် ၊ ပိုးဖြူ၊ ငှက်ပျောကြော် တို့အဖွဲ့
ကိုကျွန်တော် သဘောကျ နှစ်ချိုက်မိခဲ့တယ်။ ပရိတ်သတ် တိုင်းကသူတို့ကြောင့်
ပျော်ရွှင်ရယ်မောကြရတယ်…။ သူတို့ကြောင့် ဇာတ်လမ်းတွေ ပိုမိုပီပြင် တယ်။ သူတို့
ဟာ အလွန်ရှားပါးတဲ့ ငပေါကြီးတွေဖြစ်တယ်။ ကျွန်တော်လည်းသူတို့လိုဖြစ်ချင်တယ်။
သူတို့လို အုပ်စုဖွဲ့သူငယ်ချင်းတွေ ရှိချင်တယ်။ ရချင်တယ်။ ဒါပေမယ့် ကျွန်တော့် ဆွေ
မျိုးအသိုင်းအဝိုင်းထဲမှာ အနုပညာ နဲ့ပတ်သတ်သူ မရှိသလောာက်ရှား ခဲ့သည်မို့…
ကျွန်တော့်စိတ်ကူးဟာ ….. ကျွန်တော့်စိတ်ကူးပါပဲ။ ပျော်ပါတယ်…. အဲဒီလို
စိတ်ကူးလေး ရှိခဲ့ဖူးတာကိုက … ကျွန်တော့်အတွက် သူငယ်ချင်းတွေ များစွာ
ရရှိစေပါတယ်။ အဲဒါပါပဲ။ဘာပဲဖြစ်ဖြစ် အဲဒီလို သရုပ်ဆောင်ကောင်းတွေ အဖွဲ့လိုက်
ပေါ်ပေါက်လာစေဖို့ လည်းမျှော်လင့်နေမိပါတယ်။ ပေါ်လာသယောင်ယောင် ရှိပေ
မယ့် အတော်လေးကွာခြားနေသေးတယ်လို့ ထင်မိပါတယ်။
ကျွန်တော်တို့ ခိုဝင် မနားလိုက်ရတဲ့ သစ်ပုပ်ပင်ကြီလည်း ပျင်းနေပါလိမ့်မယ်။
ကျွန်တော်မသောက်ဖူးခဲ့တဲ့ ဦးချစ် လ္ဘက်ရည်ဆိုင်လည်း ရှိပါတော့မလား…
ကန်ဘောင်က ဘူးသီးကြော်တွေလည်း စတိုင်ပြောင်းကုန်ရောပေါ့။ အင်း…
အဓိပတိလမ်းကိုတော့ အဓိပယ် တွေဘာမှန်းမသိပဲ လျှောက်ခဲ့ဖူးပါရဲ့..။
ဂျပ်စင်ထိပ်ကလရိပ်ပြာ ဆိုတော့လည်း ခံစားမိပါတယ်။
အဲဒါတွေကတော့ အပြင်းအထန် စိတ်ကူးတွေပေါ့ သူငယ်ချင်းတို့ရေ။

လောလောလပ်လပ် စိတ်ကူး…
ဘလော့ဂ်လောက ထဲမှာ သူငယ်ချင်းတွေ အတန်အသင့် ကျွန်တော်ရခဲ့ပါပြီ။
အဲဒီအတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်က တစ်ဦးတစ်ယောက်ထဲ
နေရခြင်းထက်အုပ်စုဖွဲ့မှုကို ပိုမိုနှစ်သက် သူပါ။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
လည်းအရမ်းကြိုက်ပါတယ်။ ပြီးတော့ လူငယ်ဘဝမှာ ဖန်တီးပုံဖေါ် သွားနိုင်သမျှ
ကျွန်တော် ဖန်တီးသွားချင်ပါတယ်။ အုပ်စုဖွဲ့ သူငယ်ချင်းတွေ သွားတာ လာတာ
မြင်ရင် ကျွန်တော် ငေးကြည့် အားကျမိတတ်ပါတယ်။ သူတို့တွေလိုပဲ သွားချင်
လာချင်မိတတ်ပါတယ်။ အခုတော့ အဲဒီ့လမ်းစလေးကို ကျွန်တော်မြင်နေရပါပြီ။
လမ်းညွှန်ပြခဲ့သူ သူငယ်ချင်း မက်မက်ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
ဘလော့ဂ်ပေါ်က သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ဆုံခွင့်ရတော့မယ်။ ဖုရားဖူးထွက်ရင်း
အလှူအတန်းတွေလည်း လုပ်ရတော့မယ်။ လောလောဆယ်ကျွန်တော် စိတ်ကူးယဥ
်ကြည့်နေသည်….. ဂေဟာက ငပေါတွေ ပါလာရင် သိပ်ကောင်းမည်။မြန်မာပြည်က
နှင်းတွေနဲ့ လှနေပါတော့မည်။
သူငယ်ချင်းတွေအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်…….
မြန်မာပြည်သို့ အလည်အပတ် ပြန်ဘို့ အစီအစဉ်ရှိခဲ့ကြရင် အချိန်လေးများ
ညှိပေးကြဘို့ တောင်းဆိုပါတယ်။
မြန်မာပြည်က သူငယ်ချင်းတွေလည်း ဆက်သွယ်ကြဘို့ တောင်းဆိုပါတယ်။
တွေ့ဆုံရန် ခန့်မှန်းရက်ကတော့ ဇန်နဝါရီလ ၂၀ ရက်ဝန်းကျင်ပဲဖြစ်ပါတယ်။
နေရာကိုတော့ နောက်မှဆက်လက်ကြေငြာ ပါ့မယ်။

ဆက်သွယ်ရန်အတွက်ကတော့…..
Johnsout7@gmail.com (ခပ်ညံ့ညံ့ကောင်(ခ)ဂျူဝသန် (ဂ) လူဝံမှုကျီးကြက်ရေးဝံကြီး )
dream@crazydreamlover.com
or
crazydreamlover@gmail.com
မက်မက် (ခ) Dream

တို့ပဲဖြစ်ပါတယ်။

အချစ်ဆိုတာ ဘာလဲ….. တဲ့

ကျွန်တော့်မှာ ဥပမာ ထုတ်ပြစရာ အလွန်နည်း သွားပါပြီ။ ဘာလို့လဲ
ဆိုတော့ ဘလော့ဂါသူငယ်ချင်းတွေ အားလုံးနီးပါး ဒီကိစ္စ ဆွေးနွေး
ခဲ့ကြပြီးဖြစ်လို့ပါ။ အဲဒါကြောင့် ကျွန်တော့်ရဲ့ တင်ပြချက်ဟာလည်း
အားလုံးထဲက ခွဲထွက်ဖို့ မရှိပါဘူး။ ခံယူချက်တူညီတယ်လို့ပဲ
သဘောထားလိုက်ကြပေါ့။ ဟုတ်စ….။
ငှက်ပိစိလေး ကတဂ်ထားသည်မို့ ဟုတ်သော်ရှိမဟုတ်သော်ရှိ
ရေးချရတာပ..။
ညီမလေးရေ….. တကယ်တော
့ အချစ်ဆိုတာ…. အချစ် ပါပဲ။
ခံစားမှုတွေ များစွာ များစွာ ရောပြွမ်းနေတဲ့
ခေါင်းစဉ် တစ်ခု ….. ဝေါဟာရ တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကဗျာ
တစ်ပုဒ်ထဲမှာတော့ ဖတ်ဖူးခဲ့တယ် … “အချစ်ဆိုတာ ဘယ်သူမှ တူးဖေါ်လို့မရသေးတဲ့
ကမ္ဘာဦးက ဓါးတစ်လတ် ပါပဲ” တဲ့။ အဲဒီလို ကိုယ်စီကိုယ်စီ ဖွင့်ဆိုထားကြတဲ့အချစ်ရဲ့
ဒဿနပေါင်း များစွာရှိခဲ့တယ်။ အားလုံးရဲ့ အဓိပ္ပယ်ကတော့ ဒီဘူတာပဲလာဆိုက်
ပါတယ်။ ပုထုဇဉ် လူသားတိုင်းအတွက် အချစ်ဆိုတဲ့ ခံစားမှုဟာ မရှိမဖြစ်
မွေးရာပါကပ်တွယ်လာ ခဲ့ကြတာပဲမဟုတ်လား ။ ဆင်းရဲနေလို့၊ ချမ်းသာလို့၊ ရုပ်ဆိုးလို့၊
ရုပ်ချောလို့ဆိုပီး ခွဲခြမ်းစိတ်ဖြာ မခံစားခိုင်းပါဘူး။ နဲနဲ ချစ်တတ်ရင် နဲနဲ ခံစားရပါမယ်။
များများချစ်တတ်ရင်များများ ခံစားရပါမယ်။ လုံးဝ မချစ်တတ်တဲ့ လူတွေကတော့
ကြိတ်ပီးခံစားရတတ်ပါတယ်။လူပြော အလွန်များတဲ့ “ရယူပိုင်ဆိုင်ခြင်း၊
စွန့်လွှတ်အနစ်နာခံခြင်း” ဆိုတဲ့ စကားစုအတွဲလေးကတော့ ချစ်တဲ့သူတို့နယ်ပယ်
မှာ နေရာအရဆုံး စကားလုံး ခံစားမှုတွေပါပဲ။ အဲဒီ့အထဲကမှ တစ်ခုကိုရွေး
ပါဆိုရင်တော့ ကျွန်တော်မရွေးရဲပါဘူး..။ အထပ်ထပ် အခါခါမေးရင်လည်း အထပ်ထပ်
အခါခါ ခေါင်းရမ်းပြပါ့မယ်။
အချစ်စစ်စစ် ဆိုတာ
ရယူပိုင်ဆိုင်ခြင်းလည်း ဖြစ်တယ် ။
စွန့်လွှတ် အနစ်နာ ခံခြင်းလည်း ဖြစ်တယ်။

ကျွန်တော်ကတော့ အဲဒီလို ရိုးရိုးလေးပဲ မှတ်ထားလိုက်ပါတယ်။ ကျန်တာတွေ
ကတော့ ကံကြမ္မာရဲ့ အလိုအတိုင်း လိုက်ကကြရမှာပါ။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့
သူတွေတိုင်း ချစ်သူအတွက် အကောင်းဆုံးလမ်းကို တွဲခေါ်ပါ (ဒါမှမဟုတ်)
ညွှန်ပြပါ။ အရာရာကို ရင်ဆိုင်ဘို့အတွက် သတ္တိမွေးပါ။အသဲကွဲရောဂါအတွက်
ဆေးတစ်ခွက်ပဲ ရှိပါတယ်။ တခါတရံ အသဲကွဲရတာကလည်း ပျော်စရာကောင်း
ပါတယ်။ ဂရိစကားပုံ တစ်ခုရှိတယ် (တစ်ခုမကလည်းရှိမယ်) ။ ကျွန်တော်
မဖတ်ဖူးလို့ထည့်မရေးတော့ပါဘူး။

မပြည့်စုံတဲ့ဘဝကြီးမှာ ချစ်သူကို လက်လွှတ်ခဲ့ရဖူးပါတယ်။ အိမ်လခ၊
သင်တန်းကြေး၊ သူငယ်ချင်းငါ့ကိုလမ်းစရိတ် ပေးအုံးကွာ ဆိုတဲ့ ဘဝထဲက
ဘဝတွေမှာ သန်းခေါင်ယံတေး နဲ့ ပလက်ဖောင်းဘေးမှာ ကျွန်တော် အခါခါ
ငိုခဲ့ဖူးပါတယ်။ ကျွန်တော်က ကျွန်တော့်ကို မေးခွန်းတွေ အလီလီမေးတယ် ။
ကျွန်တော်က ကျွန်တော့်ကို အဖြေတွေ အလီလီပြန်ပေးတယ်။ နောက်ဆုံးမှာ
ကံကြမ္မာ နဂါးဂေါင်း ကြီးကျွန်တော့်ဘက်တည့်တည့်လှည့် လာရင်း…..
ကျွန်တော်နဲ့ကျွန်တော့်ချစ်သူ ဝေးခဲ့ရပါတယ်။ ပုံပြင်တစ်ပုဒ်လည်း မဟုတ်ဘူး။
တိုက်ဆိုင်မှုလည်း မဟုတ်ဘူး။ လေဆိပ်ထဲမှာ စောင့်ဆိုင်းရတဲ့ အချိန်တွေက
ကျွန်တော့်အတွက် တိုတောင်းလွန်းတယ်။လေယဉ်ပေါ်တက်တဲ့ လှေခါးကြီး
ကလည်း နိမ့်လွန်းတယ်။ အချိန်က နံနက် ၇ နာရီ.. ဇန်နဝါရီက နှင်းတွေ ကိုခါချတယ်။
မြန်မာပြည်ကြီးက နှင်းတွေကို ပန်လို့ လှတယ်။ ကျွန်တော်ကပလက်ဖေါင်း
နဘေးကို သတိရတယ်။ ကျွန်တော့်အတွက် လ္ဘက်သုတ် သွားဝယ်ရင်း ဆိုင်ကယ်
မှောက်ခဲ့တဲ့ ချစ်သူလေးကို သတိရတယ်။ သူ…… ဒီနေ့ ဟန်ဆောင်
အပြုံးတွေမှ ပြုနိုင်ပါ့မလား။လေယဉ်ကြီးထဲကို မဝင်ခင် ကျွန်တော် ဖျက်ကနဲ
အတွေးတစ်ခု ဝင်လာတယ်။ ဗီဒီယိုတွေထဲကလို သတို့သမီးနဲ့ လူတွေ အများကြီး
လေဆိပ်ထဲကိုရောက်လာလေမလား..။ ကျွန်တော်လှည့်ကြည့်တယ်……။
မင်းပြန်မလာခဲ့နဲ့တော့ ဆိုတဲ့ လက်တွေကလွဲလို့ … တစွန်းတစမျှ။
အင်း……. ဒီအချိန်ဆိုရင် တော့ အခါတော်ပေး တေးသွားလေး ခန်းမထဲ
လွင့်ပျံနေလောက်ပြီထင်ပါတယ်။ ခဏလေးပါပဲ…… ကျွန်တော်တို့
ဝေးသွားခဲ့ကြတယ်…။ လွန်ခဲ့တဲ့ နှစ်နှစ်က ဇန်နဝါရီ….. မြန်မာပြည် ကနှင်းတွေကို
ပန်လို့ လှတယ်….။

“တကယ်တော့ ဘယ်သူ့ ဘယ်သူမှ နောက်မကျပါဘူး……. နေဝင်ချိန်တွေကိုက
စောသွားတာပါ” တဲ့။
“လျှာပေါ်မှာ မြက်ပင်တွေ ပေါက်ချင် ပေါက်နေပါစေ ကျွန်တော်ဒီလမ်းကို ဆက်လျှောက်
နေအုံးမယ် မသီတာ….”

ကဲ…… ညီမလေး ငှက်ပိစိရေ အချစ်ဆိုတာ အချစ်ပါပဲကွာ။ ။

“အိုဘယ့် ဘလော့ဂ်ဂါသူ”

မမျှော်လင့်ပဲ ပြိုင်ပွဲတစ်ခုပေါ်ပေါက်လာပါတယ်။ လာမယ့် လွတ်လပ်ရေး
နေ့ အကြို.အထိမ်းအမှတ် အဖြစ်ဟုလည်း ဆိုနိုင်ပါတယ်။ ထိုပြိုင်ပွဲကတော့
Blogger League ကြက်ဖခွပ်ပြိုင်ပွဲ ပဲဖြစ်ပါတယ်။ ပြိုင်ပွဲကို အမဝါ တို့အိမ်
ကွင်းမှာ ကျင်းပမှာ ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးအဖြစ်၎င်းကပဲ ဆောင်ရွက်
သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို စတင် စိန်ခေါ် တာလွှတ်လိုက်သူကတော့
ကိုအိမ် ပဲဖြစ်ပါတယ်။
ပထမတော့ ကျွန်တော်က ပွဲကြည့်ပရိတ်သတ် ပါပဲ။ ကျွန်တော် တို့အသင်း
သုံးခွပ်၊ တစ်ခွပ်နဲ့ အရေးနိမ့်နေတာကို မြင်ယောင်နေရတဲ့အတွက် တတ်စွမ်း
သ၍ ဂတောင်းကြိုက်လို့ အခုလို ဝင်ခွပ် ရခြင်းဖြစ်ပါတယ်။


“အိုဘယ့် ဘလော့ဂ်ဂါသူ”
စူတူတူ ငပူတင်း မျက်နှာထား
ဘယ်နားမှာ မြင်ဖူးပါလိမ့်။
အော်……. ဟုတ်မယ်…… ဟုတ်မယ်
ကျုပ်တကယ် မြင်ဖူးတာပ၊
ပလာဇာ ၊ စင်တာတစ်လွှား
လိပ်တို့၏ ခါး……
ဖားတို့၏ ဖင်……
ပုံးဖာ မှောက်ဆင်၊ အစွမ်းကုန်ပြင်လို့
ယုန်ထင် ကြောင်ထင်
အကုန်မြင်အောင်ပ
ရှော်ပင် ထွက်ကြသတဲ့လေး……..။
အဝတ်တန်ဆာ၊ ရတနာ
မကျန်ပါ ဖန်စီ ကော်စမက်တစ်
ဟိုညှစ်၊ ဒီညှစ်
ဈေးလည်း ဆစ်လိုက်ပါရဲ့
ဝယ်ဖို့တော့ မဟုတ်သေး……..။
သည်နေ့တော့ သည်တွင်တန်ပြီမို့
မပြန်မှီ ကော်ဖီတစ်ခွက်ကိုပ
ထုံးစံမပျက် ကပ်သောက်ကြပေါ့….
ဟော့ပေါ့ တောင်မှန်းလိုက်သေး……….။
အများကရှိတ်
ကားဂိတ်မှာ တက္ကစီ တားပါလို့
နောက်ဆုံးမှာ
ဘက်စ်ကားပေါ်တက်ခါသွားတယ်၊
ကာလသား လူပျိုတစ်သိုက်
ဟားတိုက်ကြလေး…………….. ဝေး ဟေးးးးးးးးးးးး။ ။

Blogger League ကြက်ဖခွပ် အနိုင်ရသော အဖွဲ့အား ယူရို ၁၀ ဘီလီယံ
တန်ဖိုးရေးထားသော ဖလားတစ်လုံးအပြင် ဆပ်ပြာခွက်ပါ ပါဝင်လိမ့်အုံး
မယ်လို့ မဝါ ရဲ့ပြောရေး ဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ
အမှိုက်ထုတ်ကြီး ကိုင်လို့ပြောကြားသွားပါတယ်။ ဆက်စပ် သတင်းများအ
ရ တဖက်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သူ မက်မက် ဟာနိုင်လိုစိတ်ဖြင့်
နင်းကန် ခွပ်ခဲ့ရင်း နောက်ဆုံးမှာ နှာနှပ်ယူလိုက်ရတယ်လို့ ဆေးအဖွဲ့မှတရား
ဝင်ထုတ်ဖေါ်ပြောကြားသွားပါတယ်။ ကျန်ရှိနေသေးသော သတင်းအချက်အ
လက်များအား ပြိုင်ပွဲ ဝင်ရန် စခန်းသွင်းလေ့ ကျင့်နေသူ ဗီလိန် မှဆက်လက်
ထုတ်ပြန်သွားမယ် လို့လက်တို့ပြီးပြောကြားထားပါတယ်။
ကျွန်တော့် အနေနဲ့လည်း နောက်ဆုံး ပြိုင်ပွဲ အဆုံးသတ် အနိုင်နွှဲနိုင်သူအား
ဆုနှစ်ခုဖြင့် အသိအမှတ်ပြုသွားမှာဖြစ်ပါတယ်။ ပထမ တစ်ခုအဖြစ် ဘီယာ
တစ်ဂျားတိုက်မှာဖြစ်ပြီး၊ ဒုတိယ တစ်ခုအဖြစ် ဘီယာတစ်ဂျား အပြင် အမြည်း
တစ်ပွဲပါ ပြန်တိုက်ခိုင်းမှာဖြစ်ပါတယ်။
( ဆက်လက်၍ ခွပ်ကြပါလေကုန် )