တကယ်ပါ

မနေ့ကအထိ ကျွန်တော့်မှာ အလုပ်တွေ အတော် များနေလို့ မအားလပ်ခဲ့ပါဘူး။ နောက်ရက်တွေလည်း "နက်" ကပျက်တောက်ပျက်တောက်ဖြစ်မယ်လို့
လည်း ပြောသံကြားတယ်။ အိပ်မက်တွေလည်း မကောင်းဘူး တစ်ယောက်က ဝါးလုံးရှည်နဲ့ ယမ်းပီး တစ်ယောက်က ပိုက်နဲ့ ဖမ်းလို့ တဲ့...။
အင်း... ဟိုနေ့ကတော့ နောင်တော် တစ်ယောက် ကပြောသွားသား " ညီတော်လည်း အခုရက် အသံတွေထွက်နေတယ် သတိလည်း ထားအုံးနော်" တဲ့။
မျက်ခုံးတွေ လှုပ်လို့ လစာတိုးမယ်ထင်နေတာ လက်စသတ်တော့ ဆံပင်ဖြူနှစ်ချောင်း ပြုတ်ကျတင်နေတာကိုး.......ဗျ။
မနေ့ကတော့ အမေ့ဆီ ဖုန်းဆက်ပီး အ.လာဘ၊ သ.လာဘလေးတွေပြောဖြစ်ပါသေးတယ်။
"သား... အခုအလုပ်ချိန်မဟုတ်လား.."
"အင်းလေ သားအခုဂျူတီကနေဆက်နေတာပါ..."
"အော....ဒါဆို အလုပ်လုပ်နေတာပေါ့"

" မဟုတ်ဖူးအမေ.... သား အခု ကာတွန်းကား ခိုးကြည့်နေတာ.."




တကယ်တော့ ဘာမှ မရှိတော့ပါဘူး...

7 comments:

puluque said...

ခင်ဗျားဟာလေ တော်တော်နောက်တဲ့လူ..ကျတော်က ဘာများရှိမလဲလို့ ဖွင့်ကြည့်တာ ဘာမှမရှိဘူး..လူဆိုး...

Phyu said...

ဂေါက်!!!! ငညံ့.. နင်ဟာလေ တော်တော်ပဲဆိုး ကိုးနတ်ရှင် မကောင်းတဲ့ကြားက ကြည့်ရတာ .. ဘာမှာလဲ ထပ်မရှိဘူး ကောင်စုတ် !း)

Dream said...

ဟွန့်... တော်တော်နောက်... ဘာမှလည်းမရှိဘဲနဲ့။
:( :(

ငှက်ငယ်လေး said...

ဟီးး ဖစ်မှဖစ်ရလေ အကိုကြီးရယ် ဆံပင်ဖြူမှာ ကာတွန်းကား ခိုးကြီးရတာကိုး ဘယ်တော့ ရုံတင်မှာ လဲ လာကြည့်မယ်နော်

Anonymous said...

ဟား ဟား
တစ်မျိုးပြီး တစ်မျိုးကို ရီနေရပါလား
ရုပ်တည်ကြီးနဲ့ မုန့်တီမစားနဲ့ ငရုတ်သီး မိလိမ့်မယ်
:P

မသက်ဇင် said...

ပိုစ့်လေးကို လာဖတ်ပါတယ်--
ရွှင်လန်းပါစေ--

sait phay yar said...

ခပ်ညံ့ညံ့ ကိုတော်လေး ကာတွန်းကားခိုးကြည့်နဲ့လို့မှာထားတာကိုနော်
အမေ စိတ်ပူအောင်မလုပ်နဲ့ ဒါဘဲ :P