မကြားရမမြင်ရသော သံယောဇဉ်

အင်း …… ဘလော့လောကထဲကို အိုးနင်းခွက်နင်း ဝင်ရောက်လာ
လိုက်တာ ဘာလိုလိုနဲ့ နှစ်လနီးပါးရှိပါပေါ့လား…။
နှစ်လနီးပါးဆိုတာကတော့ ဒီအိမ်အသစ်လေးကို ဆိုလိုတာပါ။
ဂျူဝသန်ဆိုတဲ့ နာမည်နဲ့ ဘလော့ဂါ ဒေါ့ကွန်းမှာ ဝင်ရောက်ခဲ့ ပီးတာကတော့
ကာပီဆိုပါတော့ ….။ အခုအချိန် အတိုင်းအတာ လေးတွင်းမှာသူငယ်ချင်း
တွေ များစွာ ရလာလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ တကယ်ပါ…။
တစ်နေ့တစ်နေ့ ဘလော့လေးကို ဖွင့်ကြည့်ရင်း ရယ်စရာမောစရာ စကားတွေ
ဖလှယ်ရင်းနဲ့….. သူငယ်ချင်းတွေ အပေါ် သံယောဇဉ်တောင် ဖြစ်လာမိပါတယ်။
တကယ်တမ်းကျတော့ ဒီဘလော့ပေါ်က သူငယ်ချင်းတွေအားလုံးကို မမြင်ဖူး၊ မတွေ့ဖူး
အသံလေးတောင် မကြားဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အိမ်လေးကို ရောက်ဖူးတဲ့
သူငယ်ချင်းတွေရော မရောက်ဖူးကြတဲ့ သူငယ်ချင်းတွေရော အားလုံးကို ကျေးဇူးတင်မိ
ပါတယ်။ ကျွန်တော် သွားရောက်လည်ပတ်ဖူးတဲ့ သူငယ်ချင်းတွေရော မရောက် ဖူးသေးတဲ့
သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် သူငယ်ချင်းတွေ ဆီ အမြဲမပျက်
လည်ပတ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အင်တာနက် အသုံးပြုရတဲ့ အချိန်တွေက မလုံ
မလောက် ဖြစ်နေရတဲ့ အတွက် … အပြေးအလွှား လည်ပတ်နေရတာကိုလည်း နားလည်ပေး
စေချင်ပါတယ်။
အဲဒါကြောင့် ဒီပို့စ်လေးကို ကျွန်တော် မမြင်ဖူး မတွေ့ဖူးသေးတဲ့ ဒီဘလော့ဂါရပ်ဝန်း ထဲက
သူငယ်ချင်းတွေအတွက် ပျော်ရွှင်စေချင်း အလို့ငှါ ရေးသား ဖန်တီးလိုက်ချင်း ဖြစ်ပါတယ်။
(ကိုယ်မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို စိတ်ကူးနဲ့ မြင်ကြည့်ဖူးလိမ့်မယ်ထင်ပါတယ်။
ကျွန်တော်လည်း အဲဒီလို မြင်ယောင်ကြည့်မယ်ဆိုပါတော့……….ဒန့်…. ဒန့်…. ဒန့်)


ပထမဆုံး ကျွန်တော် ဘလော့စရေးတုန်းက ကျွန်တော့်ကို အကူအညီများစွာ ပေးခဲ့သူက
တာယာ ပါ …… ဟိုစမ်းစမ်းဒီစမ်းစမ်း ဖြစ်နေချိန်မှာ သူ ကျွန်တော့်ကို လမ်းညွှန်မှုများစွာ
ပေးရင်း၊ အားပေးစကားဆိုရင်းနဲ့ ကူညီခဲ့သူပါ။ အခုနောက်ပိုင်း ကျွန်တော့် အိမ်အသစ်ကလေး
ကိုတော့ သူတစ်ခေါက်မှ ရောက်မလာနိုင်သေးပါဘူး.။ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ မှတ်မှတ်ရရ
ကျေးဇူးတင်နေတုန်းပါပဲ။ ကျွန်တော်မမြင်ဖူးသေးတဲ့ သူ့ကို စိတ်ကူးနဲ့ ဒီလိုမြင် ကြည့် ပါတယ်။

နောက်တစ်ယောက်ကတော့ အသဲကွဲ ရာက ဘလော့ရေးဖြစ်သွားတဲ့ ကျောင်းဆရာပါ
သူကတော့ ကျွန်တော့် အိမ်အဟောင်းလေးမှာကတည်းက ဒုတိယမြောက် လင့်ခ်ချိတ်
ပေးသူလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ ကျွန်တော် ဒီလို မြင်ကြည့် ပါတယ်။

အရာရာကို ဂွကျကျစဉ်းစားတတ်ဖို့ စိတ်ကူးထားသူက ဗီလိန် ပါ…..။ သူ့ရဲ့ အရေး
အသားတွေကလည်း အင်မတန်ပြောင်မြောက်လှပါတယ်…။ ရွှေတိဂုံဘုရားကြီးကိုတောင်
မလွမ်းပါဘူး တဲ့။ တခါတရံတော့လည်း ဘောင်းဘီဇစ် တပ်ဖို့ မေ့နေတတ်ပါတယ်။
ဖုန်းလို့ ကန်လိုက်တာနဲ့ တစ်ဂိုး ပေးရန် အသင့် ဖြစ်နေသူ ….. သူငယ်ချင်း
ဂိုးသမားကြီး (ဖုန်းတစ်ဂိုး ရှင်) ဗီလိန်ကိုတော့ ဒီလို မြင်ယောင် မိပါတယ် ။

ဖြိုးဖြိုးဖျောက်ဖျောက် ရောက်လာတတ်တဲ့ ကိုမိုးသောက် ကြီးကိုလည်း မှတ်တမ်း တင်ချင်ပါ
သေးတယ်..။ ပန်းချစ်သူ ဝတ္ထုလေးက သူ့ရဲ့ ခံစားချက်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားထားလိုက်တာ
တော်တော် ကောင်းပါတယ်။ သူ့ကိုတော့ ဒီလိုမြင်ယောင် မိပါရဲ့။

နောက်တစ်ယောက်ကတော့ ကျွန်တော် ငပုလိုခေါ်တဲ့ ပုလုကွေးပါ….။ အဲဒီ့ ငပုကို
တော့ စိတ်ကူးနဲ့ ဒီလို မြင် ယောင်လိုက်ပါတယ်။ ရှိတ်ရှိုးရဝူးနော် တယ်ယင်း..။

ကိုဝင်းဇော် ……. အခုနောက်ပိုင်း ကျွန်တော့် ဆီအမြဲလိုလိုရောက်လာတတ်တဲ့ အကိုကြီးပါ။
အားပေးစကားတွေပြောရင်း ကွန်မန့်လေးတွေပေးရင်းပေါ့…။ သူလည်း သူငယ်ချင်းလိုချင်လို့
ဘလော့လောကထဲ ရောက်လာတာလို့ ပြောပါတယ်…။ ဒီလိုလေး မြင်ယောင်မိပါရဲ့။

နောက်တစ်ယောက်ကတော့ ကျွန်တော်နဲ့ ခံစားချက်လေးတွေ ခပ်ဆင်ဆင် ခံစားခဲ့ ဖူးတဲ့
တက်လူငယ် ပါ။ သူကအနုပညာတစ်ခုခုကို လုပ်ချင်နေသူပါ…သူအားတဲ့ အချိန်တွေဆိုရင်
ကျွန်တော့်ဆီ လာလာလည်တတ်ပါတယ်။ သူကတော့ ဒီလိုပုံစံ ထင်ပါရဲ့။

ဘလော့ဂါလေးတွေအတွက် နည်းပညာလေးတွေ ရံဖန်ရံခါ လမ်းညွှန်ပေးနေသူက
ကိုမိုးပြေး …..သူကတော့ လမ်းကြုံမှ ကျွန်တော့်ဆီ ရောက်လာတတ်ပါတယ်။ သူကတော့
ဒီလိုလေး ထင်ပါ့။

ကျွန်တော် ကျားပိစိလို့ခေါ်တဲ့ မန္တလေးက ကျားလေး လည်း ရှိပါသေးတယ်။ သူ့ ပုံစံကတော့
ဒီလိုလေး ဖြစ်မှာပါ။


အခုနောက်ပိုင်း( ဂျိုကုတ်ရှိရာ ဂျိုကုတ်လာဆိုတဲ့ စကားပုံအတိုင်း….)ကျွန်တော့်ဆီ
ဂျဲဂျယ် လို့ခေါ်တဲ့ခပ်ပိန်းပိန်းကောင်လေး တစ်ယောက် မျက်စိလည်ပီး ရောက်လာပါတယ်…။ အဲဒီမှာ
စတွေ့ပါတော့တယ် … ခပ်ညံ့ညံ့နဲ့ ခပ်ပိန်းပိန်း ရှင်းရတော့မယ်မထင်ပါဘူး…။ သူ့ရဲ့
ခံစားချက်တွေကို သူ့ရဲ့ သွေးစက်တွေလို့ တင်စားထားသူပါ။ သူ့ကို ဒီလိုမြင်ယောင်
ကြည့်မယ်လေ။

ကိုရင်နော်နဲ့ ခင်လေးငယ်… သူတို့နှစ်ယောက်လည်း ဘယ်နေရာမှာမှ မတွေ့ .. အတော်
လေး ပျောက်နေကြပါတယ်။ ဒီလိုများလား..။

ကဲ…. ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တို့ ဘက်လှည့်ကြည့်မယ်ပါ့။
ပထမဆုံးကျေးဇူးတင် ချင်သူက အလွမ်းတွေ မကုန်နိုင်တော့တဲ့ မမကြယ်စင်ပါ….။ သူလည်းပဲ
ကျွန်တော့် အိမ်သစ်လေးကို တစ်ခါတစ်ခေါက်မျှ ရောက်မလာနိုင်သေးပါဘူး။ သူ့ကတော့ ဒီလို
ပုံလေး ထင်ပါတယ်။

လာပီဗျို့ အမကြီး ဝါဝါခိုင်မင်း …. ဟာဟ :P ခင်စရာကောင်းတဲ့အမကြီးပါ။ သူ့ရဲ့ အားလပ်
ချိန်တွေတိုင်း အိမ်တွေလျှောက်လည်ရင်း အားပေးစကားတွေ ပြောနေတဲ့အမကြီးပါ။ ပျော်
ပျော်လည်းနေချင်တယ်တဲ့…ကျွန်တော့် အသဲကွဲ ဇာတ်ရုပ်တွေအတွက် သူ့ကို
အားနာမိပါသေးတယ်။ အင်း ကျွန်တော်တို့ အမကြီး အလည်လွန်နေလို့ ကလေး
ကျောင်းကြိုဖို့ ….ထမင်းချက်ဖို့ တွေများ မေ့လျော့ခဲ့ ဖူးမလားလို့ စဉ်းစားမိပါသေးတယ်..။
ကိစ္စတော့ မရှိပါဘူး…. သူက အဆူခံရတဲ့ နေ့မှာလည်း ပို့စ်တစ်ခုရအောင် ဖန်တီးနိုင် တယ်
လေ။ သူ့ကိုတော့ ကျွန်တော် ဒီလို မြင်ယောင်မိတယ် ဗျို့။

ငှက်ငယ်လေး တဲ့……. အကောင်သေးသေးနဲ့ အမြင့်ကို ပျံတက်ဖို့ ချောင်းနေတယ်
ထင်ပါတယ်။ သူ့အရေးအသားလေးတွေကလည်း ရိုးရိုးလေးပေမယ့် ရင်ထဲကို ထိ
ပါတယ်။ “မတက်သာလို့ အဝေးမှာနေရပေမယ့် တနေ့မှ မေ့မရတာက ကျွန်မချစ်တဲ့
အမိမြေပါ” …. ကြိုးစားထားကွဲ့။ ငှက်ငယ်က ဒီလိုပုံ မဟုတ်လား..။

ဒီဇင်ဘာနှင်း …… တခြားအချိန်တွေမှာ ကျတဲ့နှင်းမဟုတ်ပါဘူး။ ဒီဇင်ဘာမှာကျတဲ့နှင်းပါ။
သူက နှင်းတွေကိုချစ်တယ်တဲ့။ ဆုတောင်းကောင်းပါတယ်။ အခုတော့ နှင်းတောထဲမှာ
ခဏခဏနှာစေး နေပါရော့လား..။ (ကိုရီးယားက ကင်ဂျီလုပ်နည်းလေးတော့ တတ်အောင်
သင်ခဲ့ပါအေ။) သူ့ ပုံစံကတော့….. ဒီလိုနေမှာ။

ရောင်ပြန်ဟပ်ပီးရောက်လာ ပါတယ်ဆိုတဲ့ … ရောင်ပြန် ဆယ့်နှစ်ရာသီ မအားလပ်တဲ့
ရောင်ပြန် ….။ အပျင်း ကြီးတယ်မပြောပဲ ပို့စ်အသစ်တွေ မတင်ပဲထားတဲ့ ရောင်ပြန်။
အော… သီတင်းကျွတ်တုန်းကတော့ သူငယ်ချင်းတွေအတွက်ပါ တရားဘာဝနာ ပွား
များ လာတယ်ဆိုပါလား……။ ဘုရားနဲ့ဝေး ဘုန်းကြီးကျောင်းနဲ့ဝေး နေတဲ့
ကျွန်တော်တို့အတွက် သူငယ်ချင်းပီပီ ဒါနလေးတွေ မျှဝေ ပေးတဲ့ ရောင်ပြန်ပါ။
သူ့ကိုတော့ ဒီလို မြင်မိ ပါတယ်။

နောက်တစ်ယောက်က…. ကျွန်တော် လားလား လို့ခေါ်တဲ့ ဒီဇင်ဘာစင်ဒရဲလား ပါ။
သူ့နာမည်ခေါ်ရတာ ရှည်လွန်းလို့ ကျွန်တော် သွားမလည်တာပါ။ ပြီးတော့ လင့်ခ်ချိတ်
ဖို့လည်း ပျင်းနေတာပါ။ နောက်တော့ အကြံပေါ်လာပီး လားလားလို့ ခေါ်လိုက်တယ်လေ။
လားလား ကတော့ ဒီလိုပုံ ပဲနေမှာ။

မမတန့်တန့် ( Rainbow) သူများ တန့်တန့် ဆိုလို့ ကျွန်တော်လည်း လိုက် တန့် လိုက်တာပါ။
သူကတော့ တန့်တန့်ရေ လာပါအုံးဗျ လို့ သွားခေါ်မှရောက်လာတတ်ပါတယ်။ သူ့ကိုတော့
ဒီလိုလေးသာ မြင်ယောင်လိုက်ပါတယ်။

မိစိမ်းကားကြီး ( Green Girl) သူ့နာမည် နဲ့လိုက်အောင်…… တွံတေးသိန်းတန်သီချင်း
သွားသွား ဆိုပြရတာ အမောပါပဲ..။ သူကတော့ ကျွန်တော့်ကို ဆိုက္ကားသမားလာ
ဆိုပြတာလို့ ထင်နေမလားမသိပါဘူး…။ ဘာဖြစ်လဲ အဲဒီတော့ သူ့အိမ်သွားပီး……
တုနှယ်…… တန့်နှယ် …အစိမ်းရောင် ကြိုက်တယ် ဆိုတဲ့ အစိမ်းရောင် မင်းသမီးရယ်... အော့
….. အေ့ လို့ သွားလုပ်လိုက်တာပေါ့..။ စိတ်မဆိုးရဘူးနော် ဒီလိုမြင်မယ်။

အလွမ်းပြေ… အလွမ်းမပြေမှသာ ကျွန်တော့်ဆီ ရောက်လာတတ်ပါတယ်။(အဟိ….
သူ့ရည်းစားကြားရင် အထင်လွဲအုံးမယ်)။ အလွမ်းပြေလေး လွမ်းရင် ဒီလို မဟုတ်လား။

မေ… တဲ့( စိတ်ဖြေရာ) ။ ကျွန်တော်ကတော့ တခါတလေ အမေ လို့ ခေါ်ပါတယ်။ သူကတော့
သား လို့ တစ်ခါမှမခေါ်ပါဘူး။ စိတ်ဖြေစရာ အိပ်နေတာပဲ ကောင်းပါတယ် အမေ….။ အဲဒီလို
ဟုတ်လား …။

မီးငယ်…. သီတင်းကျွတ်ရက်တုန်းက အိမ်တကာ့ အိမ် ဗျောက်အိုး လိုက်ဖောက်နေတဲ့ကောင်
မလေး ပါ။ ဗျောက်အိုးနဲ့ မီးခြစ်မှားပစ်လိုက်မိ တယ်… ဆိုတဲ့ အသံကြားပီးတဲ့ နောက်ပိုင်း သူ
ပျောက်ခြင်းမလှ ပျောက်နေပါတယ်။ သူအခု ဒီလို ဖြစ် နေရော့လား။

ကဲလာပါပီ….
ရွာထဲက ပေါက်ကျော်မလေး နှစ်ယောက် …… သူတို့နဲ့မသိတဲ့ အိမ်က
အတော်ရှားပါလိမ့်မယ်။ မက်မက် ( Dream ) နဲ့ ဂုဂု ( Megumi ) လို့တောင် ပြောနေစရာ
မလိုတော့ပါဘူး။ ကျွန်တော် မတင်ဖြစ်သေးတဲ့ ဘလော့ဂါလေးတို့ နေတဲ့ရွာ (၃) ထဲမှာ
ကွမ်းတောင် ပန်းတောင် ကိုင်ခွင့် တစ်ရာသီ အပိတ်ခံထားရတဲ့ သူတို့အဖွဲ့ဟာ…. ရွာထဲက
ကို ဝင်းဇော်ကြီးရဲ့ ကာရာအိုကေ ဆိုင်မှာ မကြာခဏ ဆူညံမှုများ ပြုလုပ်နေကြပါတယ်။
မိုက်ခဲ တို့အဖွဲ့ဆိုတဲ့ ရာထူးကို ခြေကုတ် အရယူနေကြပါတယ်။ တစ်ရာဖိုး နှစ်ပုဒ်ဟု သတ်မှတ်
ထားသော်လည်း …… သုံးပုဒ်ရအောင် မိန်းကလေးများ ပီပီ နင်လား ငါလား အဆစ်တောင်းကြ
ပါတယ်။ သူတို့ ဆိုသော သီချင်းတွေကလည်း တကယ့်ရှည်ပေ့ ဆိုတဲ့ ဒေါ်မာမာအေးတို့၊ ဒေါ်
ရီရီသန့်တို့၊ ဒေါ်ခင်ညွန့်ရီတို့… ရဲ့ သီချင်းကြီး သီချင်းငယ်တွေပါ။ အဲ….. ဒါတင်မကသေး
ပါဘူး။ တစ်ရာဖိုး သုံးပုဒ်ဆိုပြီးပြန်တော့လည်း …. နောက်ထပ် သီချင်းတိုတိုလေး တစ်ပုဒ်
ဟု ထပ်တောင်းပြန်ပါသေးတယ်။ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ ကာရာအိုကေဆိုင်က ကိုဝင်း
ဇော်ကြီးခမျာ မတက်သာလို့ ထက်ဖွင့်ပေးရပါတယ်။ အဲ….. အဲဒီအခါကြတော့
ခေတ်ပေါ် ဟစ်ဟော့ သီချင်းတွေကို တောင်းတာပါ။ စန္ဒီမြင့်လွင်တို့၊ Jenny တို့ ဆိုထားတဲ့
မြူးမြူးကြွကြွ သီချင်းတွေပါ။ ခက်တာက သူတို့က အဲဒီသီချင်းစာသားတွေကို အလွတ်မရကြ
ပါဘူး။ ရတဲ့နေရာ ကြပြန်တော့လည်း မြန်နေလို့ လိုက်မဆိုနိုင်ကြပါဘူး။ အဲဒီတော့လည်း
ရရာ လက်နှက်ဆွဲကိုင်ကြတဲ့ အနေနဲ့ …. တီးလုံးသံအတိုင်း ၊ တေးသံရှင်တွေ ကတဲ့အတိုင်း
တစ်ဖွဲ့လုံး လိုက်ကကြပါတယ်။ မက်မက် ကတော့ ဒီလိုလေး ကပါတယ်။
သူတို့အဖွဲ့က ကာရာအိုကေဆိုင်မှာတင် မိုက်ခဲကြတာမဟုတ်ပါဘူး…။ ရွာထဲက အန္တရာယ်
ကင်း ပရိတ်၊ ပဌာန်း ရွတ်ပွဲတွေမှာပါ….. လူကြီးသူမတွေနဲ့ ရောရောင်၊ ပေါကြောင် လုပ်ရင်း
ရောဂီရောင် ဝတ်စုံလေးတွေ ဝတ်လို့….. အာဖျံကွီးလိုက်လုပ်တတ်ကြပါတယ်..။ ဝတ်ရွတ်သူ
တွေကို ….. မိုက်ကရိုဖုန်း သုံးလုံး ပေးထားရင် သူတို့ အဖွဲ့ကတင် နှစ်လုံးကို အမိအရ ၊
လုယူထားကြပါတယ်။ တကယ်တော့ သူတို့ တစ်ဖွဲ့လုံး မင်္ဂလာ့ သုတ်တောင် ဖြောင့်ဖြောင့်
တန်းတန်းမရကြရှာပါဘူး။ မက်မက် ဆိုရင် ကြာနီကန်
ဆရာတော်တရား ခွေဖွင့်ပီးတရားနာသလိုလိုနဲ့ အိပ်ပျော် နေတာများပါတယ်။( ဘယ်ရမလဲ
ငါ့အလှည့် )။
တနေ့တော့ သူတို့အဖွဲ့ မြို့ပေါ်က ရိုဇန် ရဲ့မွေးနေ့ပွဲကို သွားကြပါတယ်။ မွေးနေ့ပွဲ ကျင်းပရာနဲ့
မလှမ်းမကန်းလေးမှာ ဟောလိဝုဒ် ကမီဒီယာသမားတွေနဲ့ အတွေ့…. ဂုဂုက ဝမ်းသာအားရ
အနားကိုသွား စပ်စုတယ်။( စကားမဆက် ကျွန်တော်ပထမဆုံး ညာတာပါတေးနဲ့ လင့်ခ်ချိတ်
ခံရဖူးပါတယ် ချိတ်ပေးသူက ဂုဂုပါ..အဲဒီအချိန်က သူ့ ဘလော့လေး သက်တမ်း
တစ်လမပြည့်သေးခင်ပေါ့) ။ မက်မက်တို့ ငှက်ငယ်လေးတို့ကတော့ ငှက်သိုက်မုန့်ကို
ဒလက်နဲ့ လှည့်ရောင်း တဲ့တွန်းလှည်း နောက် ငေးကြောင် ငေးကြောင်နဲ့ပါသွားကြပါတယ်။
ဂုဂုလည်း ဟိုမီဒီယာ အဖွဲ့က ကင်မရာတွေ မိုက်ကရိုဖုန်းတွေကို ငေးရင်းကျန်နေခဲ့တယ်။
အဲဒီမှာတင် ဂုဂု ကံကောင်းချင်တော့ ဟောလိဝုဒ် မီဒီယာအဖွဲ့ကြီးကနေ သူ့ကို အင်တာ
ဗျူးလုပ်ပါတော့တယ်။ ဂုဂုလည်း ပထမတော့ ဝမ်းသာအားရပေါ့….။
သူတို့က ဂုဂုကို ရိုးရိုးလေး မေးတာပါ…. မွေးနေ့ရှင် ရိုစန်အတွက် ၊
ဘက်ဒေးဝစ်ရှ် လေးလုပ်ပေးရုံပါပဲ…. ။ ဂုဂုတို့ ဟောလိဝုဒ်မှာ နာမည်ကြီးသွားတယ်ဗျို့…။

ဂုဂု သို့ အင်တာဗျူး…။

( မှတ်ချက် ။ ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အပေါ်စိတ်ကူးနဲ့ အမြင်လေးတွေကို ဟာသ ဗီဒီယိုလေးများဖြင့်တင်ပြထားပါတယ်။ R click>> Save Target As...ဖြင့် ဒေါင်းလော့ ချ၍ကြည့်ရှုနိုင်ကြပါသည်... ခညာ)

အားလုံးပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။
မှတ်တမ်းတင်ရန် ကျန်ရှိနေသူများအားလုံးကိုလည်း နောက်များမှ ဆက်လက်
မှတ်တမ်းတင်အုံးမည်ဖြစ်ကြောင်း….။




12 comments:

Welcome said...

ကိုယ့်နာမည်ပါတာတွေ့လို့ နည်း၂တောင် ဘ၀င်ခိုက်သွားတယ်။ နံရံက အုဠ်တွေ ဈေး ကောင်းပေးမယ်၊ ရောင်းမယ်ဆိုရင်ပြောဗျာ

http://winzaw-mdy.blogspot.com

WWKM said...

ဟဟ ဂျူဝသန်ကိုမြင်ဖူးတယ်လေ. ဟိုဖက်မှာ ခေါင်းပေါင်းကြီးပေါင်းပြီး အကျီင်္အပြာဝတ်ထားတဲ့သူမဟုတ်လား..ဟဟ

ဒန့်..ဒန့်..ဒန့် မဟုတ်ဖူး ဒန့် တန့် တန့်..း)

Phyu said...

ငါက လွမ်းမှလာတာ မဟုတ်ပါဘူး ငညံ့ရဲ့ အားရင်ပြေးလာပါတယ်.. ငါ စာသင်ခန်းထဲမှာ အဲလို မသန်းအားပါဘူးဟယ် မေးရင် ဖြေနိုင်ဖို့ ပြူးကြည့်နေရတာ အသက်တောင် မရှူအားဘူး
အဲလို ခပ်ချောချော ကောင်လေးပါရင်ကောင်းသား အဟိ.. ခုတော့ နင်ပြောသလိုသာ အော်ငိုလိုက်ချင်တယ် .. အီးးးးးးးးးးးး

ဗီလိန် said...

ကိုခပ်ကလည်း ရွှေတိဂုံဘုရားကြီး မလွမ်းပါဘူး ဆိုတာက အဲလိုနေနိုင်ရင် ကောင်းမယ်လို့ ပြောတာပါဗျာ။ ပြောရင်းနဲ့တောင်လွမ်းလာပြီ :'(

Dream said...

အဟွန့်........... ကိုရင်ဝင်းဇော်တို့ ဆီမှာ ကာရာအိုကေ သွားဆိုရင် တစ်ပုဒ်ပိုပေးနေကြလေ..
ကိုယ်မှ သွားမဆိုရင် သူ့ဆိုင်လူမ၀င်တော့ဘူး.. အဟတ်အဟတ်... ဒြါေ့ကာင့် အသံဝင် တာတောင်
သွားဆိုတာ... ၀ါသနာနော်.. ၀ါသနာ.. အဟား...

အမယ်.. ကိုရင်ဂျူဝသန်က ဒီဂျေဖွင့်ရင်
ပရိတ်ကြီး ၁၁သုတ်ကို နောက်ကျရင် ရပ်စ်စာသားတွေနဲ့ ဟဲ လိုက်ဦးမယ်... အဟတ်အဟတ်.. :P :P :P

ငှက်သိုက်မုန့်ကို
ဒလက်နဲ့ လှည့်ရောင်း တဲ့တွန်းလှည်း နောက်ကိုပြေး လိုက်တာ ပိုက်ပိုက်တွေက ခါးပိုက်နှိုက်တဲ့အထဲပါသွားလို့.......
ချားချင်ရဲ့နဲ့ တရေကျပီး ပန်ရာခဲ့ရတယ်။ ဟင့်ဟင့်... :P :P

ဒါနဲ့ စကားမစပ်(ငရုပ်သီးစပ် :P :P)
လင့်တွေက တခုမှ ဖွင့်လို့မရပါလား.. သေသေ
ချာချာ ပြန်စစ်ပါဦး ကိုရင်ဝသန်ရေ... :) :)

တက်လူငယ် said...

ကိုဂျူးရေ...
တစ်ကယ်တော်တယ်ဗျာ။
စုံစုံလင်လင်ရှိအောင် ရေးလဲရေးနိုင်ပါပေ့ဗျာ။
ဗွီဒီယိုလင့်တွေလဲ ရအောင်ချိတ်ထား၊ ရှာထားပေးနိုင်တယ်။
ဒီပို့စ်အတွက် အတော်လေးအီသွားမယ်ဆိုတာ သဘောပေါက်တယ်ဗျ။
အခုပြီးသွားပြီလေ...
ကျွန်တော်ရောက်လာတယ်...
အများကြီး ကျေနပ်ဝမ်းနပ်ဝမ်းသာမှုတွေ ရသွားတယ်။
တခြားသူတွေလဲ ဒီလိုပဲဖြစ်မှာပါလေ။

အစဉ်အားပေးလျက်...
တက်လူငယ်...

Anonymous said...

မန္တလေးက ကျားလေးကတော့ ဖြူဖြူ ချောချော ခတ်သန့်သန့်လေး ဆိုတာတော့ အစ်ကို သိမှာပါ.။ Gtalk မှာ တွေ့ဖူးပြီး သားဆိုတော့.။

ကျေးဇူးပါ အစ်ကိုရာ ကျွန်တော်ကို ခန့်မှန်း တွေးကြည့် ပေးတဲ့အတွက်.။

သက်တန့် said...

မောင်လေး ညံ့ညံ့(ဂျူဝသန်)ရေ...
မမတန့်တန့်က မဒမ်ညံ့ညံ့ကို လိုက်ရှာပေးနေလို့ မရောက်ဖြစ်တာပါကွ...
ရွာသာကြီးဘက်မှာ တွေ့တယ်ကြားလို့တောင် မက်မက် Dreamဆီမှာ သတင်းပေးလိုက်သေး... :P

သတိတရရှိလို့ ကျေးဇူးတင်ပါတယ် မောင်လေးရေ... :)

ငှက်ငယ်လေး said...

;kwekwe; ဟားဟားဟား ရယ် ရတယ် တူးများတွေ တော့ မသိဘူး ကိုယ့် ပုံကိုယ် ကြည့်ပီး ချစ်ချာကောင်းလိုက်တာလို့  ဟီးးး...။ ဂယ်ပြောတာ တပုံစံထဲပါပဲ :P

Anonymous said...

ဟားဟား
လုပ်ပြီဗျို့
ရေးလည်း ရေးတတ်ပါ့ဗျာ
ကျနော့်အတွက် တင်ထားပေးတဲ့ ကလေးလေးကလည်း
ဘာတွေ လုပ်နေမှန်း မသိဘူး အဟီး
စရိုက်တွေ လူသိကုန်တော့မှာပဲဗျို့
ကျေးဇူးဗျာ
အခုမှပဲ စိတ်တွေတော်တော် ပေါ့သွားတယ်ဗျာ
ကျေးဇူး ကျေးဇူး
လမ်းမှာတွေ့ရင် ပြန်ဆပ်ပါ့မယ်ဗျာ အဟီး
နောက်တာဗျို့ ခင်လို့ :P

ဖိုးဂျယ် said...

ခပ်ညံ့ညံ့ကောင်ရေ ငါ့က စားရင်းနဲ့တော့
အိပ်မငိုက်တတ်ပါဘူးဟ တော်တော် ကြံကြံဖန်ဖန်လုပ်ထားတာပဲ
ကျေးဇူးပါကွာ ကိုယ်ပုံကိုယ်ကြည့်ပီး
ရီလိုက်ရတာကွာ

GreenGirl said...

:P :P အမှတ်တရ ရှိလို့ ကျေးဇူးပါရှင့် :)