“အိုဘယ့် ဘလော့ဂ်ဂါသူ”

မမျှော်လင့်ပဲ ပြိုင်ပွဲတစ်ခုပေါ်ပေါက်လာပါတယ်။ လာမယ့် လွတ်လပ်ရေး
နေ့ အကြို.အထိမ်းအမှတ် အဖြစ်ဟုလည်း ဆိုနိုင်ပါတယ်။ ထိုပြိုင်ပွဲကတော့
Blogger League ကြက်ဖခွပ်ပြိုင်ပွဲ ပဲဖြစ်ပါတယ်။ ပြိုင်ပွဲကို အမဝါ တို့အိမ်
ကွင်းမှာ ကျင်းပမှာ ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးအဖြစ်၎င်းကပဲ ဆောင်ရွက်
သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို စတင် စိန်ခေါ် တာလွှတ်လိုက်သူကတော့
ကိုအိမ် ပဲဖြစ်ပါတယ်။
ပထမတော့ ကျွန်တော်က ပွဲကြည့်ပရိတ်သတ် ပါပဲ။ ကျွန်တော် တို့အသင်း
သုံးခွပ်၊ တစ်ခွပ်နဲ့ အရေးနိမ့်နေတာကို မြင်ယောင်နေရတဲ့အတွက် တတ်စွမ်း
သ၍ ဂတောင်းကြိုက်လို့ အခုလို ဝင်ခွပ် ရခြင်းဖြစ်ပါတယ်။


“အိုဘယ့် ဘလော့ဂ်ဂါသူ”
စူတူတူ ငပူတင်း မျက်နှာထား
ဘယ်နားမှာ မြင်ဖူးပါလိမ့်။
အော်……. ဟုတ်မယ်…… ဟုတ်မယ်
ကျုပ်တကယ် မြင်ဖူးတာပ၊
ပလာဇာ ၊ စင်တာတစ်လွှား
လိပ်တို့၏ ခါး……
ဖားတို့၏ ဖင်……
ပုံးဖာ မှောက်ဆင်၊ အစွမ်းကုန်ပြင်လို့
ယုန်ထင် ကြောင်ထင်
အကုန်မြင်အောင်ပ
ရှော်ပင် ထွက်ကြသတဲ့လေး……..။
အဝတ်တန်ဆာ၊ ရတနာ
မကျန်ပါ ဖန်စီ ကော်စမက်တစ်
ဟိုညှစ်၊ ဒီညှစ်
ဈေးလည်း ဆစ်လိုက်ပါရဲ့
ဝယ်ဖို့တော့ မဟုတ်သေး……..။
သည်နေ့တော့ သည်တွင်တန်ပြီမို့
မပြန်မှီ ကော်ဖီတစ်ခွက်ကိုပ
ထုံးစံမပျက် ကပ်သောက်ကြပေါ့….
ဟော့ပေါ့ တောင်မှန်းလိုက်သေး……….။
အများကရှိတ်
ကားဂိတ်မှာ တက္ကစီ တားပါလို့
နောက်ဆုံးမှာ
ဘက်စ်ကားပေါ်တက်ခါသွားတယ်၊
ကာလသား လူပျိုတစ်သိုက်
ဟားတိုက်ကြလေး…………….. ဝေး ဟေးးးးးးးးးးးး။ ။

Blogger League ကြက်ဖခွပ် အနိုင်ရသော အဖွဲ့အား ယူရို ၁၀ ဘီလီယံ
တန်ဖိုးရေးထားသော ဖလားတစ်လုံးအပြင် ဆပ်ပြာခွက်ပါ ပါဝင်လိမ့်အုံး
မယ်လို့ မဝါ ရဲ့ပြောရေး ဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ
အမှိုက်ထုတ်ကြီး ကိုင်လို့ပြောကြားသွားပါတယ်။ ဆက်စပ် သတင်းများအ
ရ တဖက်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သူ မက်မက် ဟာနိုင်လိုစိတ်ဖြင့်
နင်းကန် ခွပ်ခဲ့ရင်း နောက်ဆုံးမှာ နှာနှပ်ယူလိုက်ရတယ်လို့ ဆေးအဖွဲ့မှတရား
ဝင်ထုတ်ဖေါ်ပြောကြားသွားပါတယ်။ ကျန်ရှိနေသေးသော သတင်းအချက်အ
လက်များအား ပြိုင်ပွဲ ဝင်ရန် စခန်းသွင်းလေ့ ကျင့်နေသူ ဗီလိန် မှဆက်လက်
ထုတ်ပြန်သွားမယ် လို့လက်တို့ပြီးပြောကြားထားပါတယ်။
ကျွန်တော့် အနေနဲ့လည်း နောက်ဆုံး ပြိုင်ပွဲ အဆုံးသတ် အနိုင်နွှဲနိုင်သူအား
ဆုနှစ်ခုဖြင့် အသိအမှတ်ပြုသွားမှာဖြစ်ပါတယ်။ ပထမ တစ်ခုအဖြစ် ဘီယာ
တစ်ဂျားတိုက်မှာဖြစ်ပြီး၊ ဒုတိယ တစ်ခုအဖြစ် ဘီယာတစ်ဂျား အပြင် အမြည်း
တစ်ပွဲပါ ပြန်တိုက်ခိုင်းမှာဖြစ်ပါတယ်။
( ဆက်လက်၍ ခွပ်ကြပါလေကုန် )

16 comments:

Dream said...

အောက်အီးအီးအွတ်.. အဲ .. ဟုတ်ပါဘူး.. မှားကုန်ပြီ... အန်... ဘလော့ကာ မမ တွေကို ပြန်ခွပ်
ထားပါလား.. အဟားဟား.. တွေ့မယ်တွေ့မယ်...

ခရစ်စမ္မစ်မှာ မအားပါဘူး ဆိုမှ... ဟွင့်....

ဘလော့ကာ ကိုကိုတွေ မျက်ခုံးသာ လှုပ်နေပေတော့တဲ့.. မက်မက်ရဲ့ပြောရေးဆိုခွင့် ရှိသူပုဂ္ဂိုလ်မှ ရေးသားသွားပါတယ်... :P :P

WWKM said...

ဒီပွဲက ၃ ဂိုး ၁ ဂိုး နဲ့ ပြီးသွားပြီလေ..ဟဟ

Anonymous said...

ဟားဟားဟား.... ကိုယ့်ဆရာက ဒီလိုတော့လဲ ဘယ်ဆိုးလို့လဲဗျ မိုက်တယ်ဗျာ။ အမှန်အကန်ကိုမိုက်တာ အဟိဟိ
အထပ်ထပ်ဖတ်ပြီး မှတ်သွားတယ်ဗျို့

Welcome said...

ဂွတ်ဒယ်၊ ..... ရှလွတ် .. ဆုတွေ .. ဆုတွေ

http://winzaw-mdy.blogspot.com

crazybloggergroup said...
This comment has been removed by the author.
ဖိုးဂျယ် said...

sorry fri account မှားရေးမိလို့
အော်ဒါတွေ ကျိတ်ရေးနေတာကိုး
ငါလည်း ခွပ်မလို့ ပွဲပြီးသွားပြီထင်လို့
ဒါဆို ခွပ်ဖို့ စဉ်းစားလိုက်ဦးမယ်။

Dr Phyo Wai Kyaw said...

ဒါဆို တားတို့ နိုင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်ပေါ့နော်...

flowerworld said...

ဟိတ်ကောင်လေးတွေကလေးမလေးတွေမနိုင်ရင်တီတီတွေပါ လိုက်လာမှာနော် ခုကမ၀င်တာဘလော့ဂါသူလေးတွေနိုင်နေလို့ ရုပ်ရုပ်မလုပ်နဲ့နော်လက်ကမြန်တာနဲ့ ဟွန့်
သတိလာပေးတာ....လှလှလဲလာပြီးတော့သားတို့နိုင်ဖို့လုပ်မနေနဲ့ ထမင်းအငတ်ထားလိုက်မယ်...နာစိတ်ကြီးတယ်နော်.......ဒါဖဲ
ဂယ်ချိတ်ညစ်တယ်....း)

ဗီလိန် said...

စစ်ပြင်ဆင်နေလို့ နည်းနည်းနောက်ကျသွားတယ် စစ်ဦးစီးချုပ်ကတော့ အသင့်ပဲ။ http://www.crazyvilla.co.cc/ စစ်ကြေငြာလိုက်ပြီ။

နေ့အိပ်မက် said...

ဟိတ်ဟိတ် နက်ဖြန်ဝင်ခဲ့ ခွပ်ကြသေးတာပေါ့.... အောက်အီးအီးကတော်

နေ့အိပ်မက် said...

စိတ်အဆိုးကြေးနော်
သိကြပြီးပြီလား ဘလော့ဂါလေးယောက်စစ်ရှုံးသွားလို့ မှိုင်နေတဲ့ပုံလေ၊ သိချင်လာဖတ်၊ တစ်မတ် :P
www.mydaydream.co.nr

Anonymous said...

အဟားဟ ဂွတ်ထ ဂွတ်ထ
ခွပ်လိုက်စမ်းဟဲ့ ရောင်းရင်းကြီး
အဲ့ မှားကုန်ပြီ အဟီး
ဘလော့ဂါသူတွေ ချေပဂိုး တစ်ဂိုး ပြန်အသွင်းမှာတော့
တော်တော် တုန်လှုပ်နေကြပါပြီ ခင်ဗျား :P
မကြာခင်မှာ ပြန်ဆော်မယ့် အနေအထားမှာ ရှိပါတယ် ခင်ဗျ ..
ဘလော့ဂါ ကိုကိုများအနေနဲ့ ကြိုတင် ပြင်ဆင်ထားသင့်ပါကြောင်းပါ ခင်ဗျ :D

သက်တန့် said...

သြော်... ဘလော့ဂါတိုတိုတွေ တစ်ရေးနိုးလာပြီပေါ့လေ...e

Anonymous said...

ဟိဟိ ဒီပြိုင်ပွဲက တော်တော်ကြီးကို အားကောင်းလာတာပဲ အရန်ကစားသမားမဖြစ်ပါမယ်ဝေ့ လိုအပ်ရင်ပြောနော့် ကိုဂျူး)

လိပ်ခါးနဲ့ ဖားဖင် တော်တော်ကြီးကို လှမှာ ဟဟားး

ရောင်ပြန် said...

အယ်.... တတ်လည်းတတ်နိုင်ပါပေ့

Unknown said...

ကဗျာကောင်းလေးကိုခံစားသွားပါတယ်။ ကျေးဇူးတင်ပါတယ်။ အားပေးလျှက်ပါ။ လေးစားစွာ ဖြင့်...