ကျကွဲသွားတဲ့ ကဗျာ

အဲဒီနေ့က ရုပ်သေးရုပ်ရဲ့
ဂေါင်းချည်ကြိုးတစ်ချောင်းဟာ
'' ထောင်းကနဲ ''မြည်အောင်ပျက်တောက်ခဲ့တယ်။
ဘယ်နတ်ဆိုးတွေ ငါ့ကိုလှန့်နှိုးခဲ့သလဲ
ကောင်းကင်ကိုမော့ကြည့်တိုင်း
ကြယ်တွေကြွေခိုင်းဘို့အတွက်
မဟုတ်ရပါဘူး........
မျက်ရည်တွေထိန်းထားရုံ သက်သက်ပါ
ထိပ်ထားရေ......
ဆောင်းဦးပေါက်ညနေခင်းဆီက
ကြိုးပျက်စွန်ကလေးတွေမြင်ရင်
ငါ့ကိုသတိရချင် ရလိုက်ပါ။
ပူလောင်မှုတွေအထပ်ထပ်ကြမ်းတဲ့
ကန္တာရလမ်းမျိုးထဲပြည်တော်ကိုအလွမ်းထက်
နင့်ကိုပိုပါတယ်။
အိပ်မက်တစ်ခုတဲ့လား........
ငါ့လက်ဖျားမှာ ပြဿဒါးတွေ
ကသီဝေအောင် ပွင့်နေပါစေ.
အချစ်ဟာ ခါး.......ခါး.....လို့မအော်ချင်ဘူး။
မဖြစ်နိုင်ဘူး တဲ့လား.....
ဗေဒင်ဆရာရဲ့နဂါးဂေါင်း
ငါ့ဒိုင်ယာရီဟောင်းဘက်
လှည့်ချင်လှည့်နေပါစေ၊
ဂျစ်ပစီတစ်ယောက်
အိမ်အပြန်နောက်ကျခြင်းတွေနဲ့
ငါ ခပ်ရင့်ရင့် ကြေကွဲပြနေပါ့မယ်၊
ချစ်သူတွေရေးတဲ့ပန်းပရပိုက်မှာတော့လူမိုက်မဖြစ်ချင်ဘူး။
ထားခဲ့ပါ......ထိပ်ထား
ထားခဲ့လိုက်ပါ.......
ခေတ်အဆက်ဆက်က
ကွဲအက်ခဲ့တဲ့ အက္ခရာတွေထဲမှာ
တို့ကျောင်းက ဆွယ်တော်ပင်ကြီးအကြောင်း
ပါကောင်း ပါ ပါလိမ့်မယ်။
ငါ့ကဗျာရဲ့တန်ဖိုး
ငါကိုယ်တိုင်သာရို့ကျိုးပါရစေ
ငါက နာဿ်တဂိုးမဟုတ်ဘူး ။ ။
သွားပါ.....ထိပ်ထား
သွားလိုရာကို သွားပါ.....
နင့်အနာဂတ် တွေကို
ကင်ပွန်းတပ် ပေးဘို့
ငါ့ကိုငါ ဗလာစာအုပ်လို ဆွဲဖြဲ...
လွယ်အိတ်ထဲ အုတ်ခဲထည့်လွယ်ခွင့်တွေနဲ့
ကျောင်းတော် မှာပြန်ပွင့်ချင်မိပါတယ်။
ငါ့ရဲ့ကျရှုံးခန်းကိုတော့
ခဏခဏရစ်မကြည့်နဲ့ပေါ့။
ချစ်သော ထိပ်ထား....
သွားလိုရာကိုသွားပါ.......
ကောင်းကင် ရဲ့အလင်းမှာ
ကြယ်သီချင်းတွေဆိုပါ
လမ်းပျောက်နေတဲ့ တေလေတစ်ယောက်ကိုတော့
သူ့ကံအလျောက်ထားခဲ့လိုက်ပါ.......။ ။ ။

6 comments:

ဗီလိန် said...

ကောင်းသဟ။
ခါးခါးလို့မအော်ရင် ချို ချို လို့အော်လေ။
:)

Apprenticeship said...

ကဗျာလဲ ကျကွဲတတ်တယ်... အော်..မှတ်သားသွားပါတယ်

ငှက်ငယ်လေး said...

ချစ်သော ထိပ်ထား....
သွားလိုရာကိုသွားပါ.......
ကောင်းကင် ရဲ့အလင်းမှာ
ကြယ်သီချင်းတွေဆိုပါ
လမ်းပျောက်နေတဲ့ တေလေတစ်ယောက်ကိုတော့
သူ့ကံအလျောက်ထားခဲ့လိုက်ပါ.......။ ။ ။

စာသားလေးကအရမ်းကောင်းတယ် အကို ..အားပေးနေတယ်နော်း)

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကျကွဲတဲ့ ကဗျာ ကောင်း၏။
ကြိုက်တယ်။

SMNTL

တင့်ထူးရွှေ said...

ကဗျာလေးကောင်းတယ်ဗျာ ။

Moe Myint Tane said...

ကျကွဲသွားတဲ့ ကဗျာတဲ့လား သိပ်ကောင်းတယ်ဗျာ။ တစ်ပုဒ်လုံးကို ကြိုက်တယ်။ အိုင်ကျူကိုတော့ ခိုက်သွားပြီဗျို့ ။