အိမ်လွမ်းသူ



လောကဓံတရား
အချိုး အကွေ့
ကြုံတွေ့သမျှ
တိတိကျကျ လွဲချော်
အနာဂတ်ကို မမျှော်ချင်တဲ့အခါ
အရာရာကိုမငြူ စူ
အပူမှန်သမျှ ချုပ်ညှိမ်းပေး
ငြိမ်းအေးတဲ့ရင် ခွင်
သား........ပြန်လာချင်တယ် အမေ။ ။


4 comments:

WWKM said...

လောကဓံတရား
အချိုး အကွေ့
ကြုံတွေ့သမျှ
တိတိကျကျ လွဲချော်
အနာဂတ်ကို မမျှော်ချင်တဲ့အခါ
အရာရာကိုမငြူ စူ
အပူမှန်သမျှ ချုပ်ညှိမ်းပေး
ငြိမ်းအေးတဲ့ရင် ခွင်
သား........ပြန်လာချင်တယ် အမေ။ ။

စိတ်ဓါတ်မကျပါနဲ့ မောင်လေး ရေ..
ပြန်ချင်ရင် ခဏပြန်လိုက်ပေါ့...
အဆင်ပြေပါစေ။
ခံစားချက်ကဗျာလေးထင်တယ်.. ရင်ကိုမှန်တယ်။

ခင်တဲ့
မမ၀ါ

Dream said...

အေး..အေး..
ငါ့သားပြန်လာချင်ရင် ပြန်လာခဲ့ပါလေ..
အမေစောင့်နေပါ့မယ်.. သားမပျော်တော့တဲ့တနေ့
အမေ့ဆီပြန်လာခဲ့ပေါ့..ဟုတ်လားသားလေး..

:P :P

ဘယ်လိုလဲဦးညံ့ရ.. အားတင်းထားစမ်းပါ..
ဘ၀ဆိုတာဒီလိုပါပဲ...အားမလျော့နဲ့နော်

ဗီလိန် said...

ကိုခပ်ရေ့။ ပြန်ချင်ပြန်လိုက် အမေမျှော်နေတယ်။ ကျနော်လည်းပြန်ဦးမှာ။ တခြားအရာတွေကြည့်နေရင်ပြီးတော့မှာမဟုတ်ဘူး

Anonymous said...

ဒီလိုပါဘဲ အစ်ကို ညံ့ရေ..

သားသမီး တွေကလဲ ဒုက္ခကြုံမှ အမိတသလားမသိဘူး စိတ်ညစ်လာပြီဆိုရင် အမေအိမ်ကို ပြန်ချင်စိတ် ပေါက် လာပြီ. ကျွန်တော်လဲ ဒီလိုပဲ.. ဟီ . . ဟိ.

အစ်ကို ကဗျာကို ဖတ်လိုက်တော့မှ အမေကို သတိရပြီး အိမ်ပြန်ချင်လာပြီ.. လက်ထဲမှ ပိုက်ဆံပျက်နေပြီဗျ..။