မသီတာ ဂရက်

ကျွန်တော် (ကျွန်တော်နှင့် မြူနှင်းဝေသောညများ) ပို့စ်တင်ပီးလို့
နာရီဝက်လောက် အကြာမှာဗျာ... .... Dream ( ခေါ်) မက်မက်
ဆားချက်တယ်ဆိုလား..... ပို့စ်တစ်ခုတင်လိုက်ပါတယ်....။
ကျွန်တော့်နာမည် သုံးမယ်လို့လည်း သူပြောပါတယ်...။
သုံးပေါ့.... ကျွန်တော်ဆို ဘယ်သူ့ကိုမှ မပြောပဲသုံးတာ...။သိပီးသားပဲ
ကိုယ့် အကြည်တော်တွေ နှမတော်တော် တွေအကြောင်း....။
အံ့သြစရာကတော့....မက်မက်က ကျွန်တော့် အကြောင်း(မသီတာနဲ့ ပတ်သတ်၍)
..... မိနစ်ပိုင်းလေးနဲ့ ရေးသားနိုင်တာရယ်...... သူရေးသားနေချိန်မှာ ကျွန်တော်က
ဗိုလ်လုပွဲ သွားကန်နေချိန်ပါ....။နောက် ထက် ငါးနာရီကြာမြင့်ချိန်မှာ
အွန်လိုင်းကိုရောက်လာတော့ .... ကျွန်တော့် ပို့စ်အတွက် ကွန်မန့်
သုံးခုရောက်နေပါတယ်.... ကိုဝင်းဇော်ရယ်၊ အမဝါဝါခိုင်မင်းရယ်၊ တက်လူငယ်ရယ်ပါ... (ဟာဟ.. ရေးရတာ အားရှိပါရဲ့...) ။
အဲ.... အဲဒါနဲ့ မက်မက်ဆီကို ရောက်သွားလိုက်တာ...
အိုးဗျ.... အရပ်ကတို့ရေ.. ကျွန်တော့်နောက်မှ တင်လိုက်တဲ့ သူ့ပိုစ်မှာ
ကွန်မန့် ၁၃ခုရောက်နေပါရော့လား....။ မသီတာ အကြောင်း ...ကိုလည်း
အကွက်စေ့စေ့၊ အပေးအယူမျှမျှ၊ ဟာကွက်မရှိအောင် တွယ်ထားလိုက်တာ..
ကျွန်တော်တို့လည်း ဘောလုံးပွဲရှုံးလို့ ချန်ပီယံဆုကြီးနဲ့ ဝေးခဲ့ရပါရော့လား.....။
ဗီလိန် ရေ ငါတို့ ပန်နယ်တီ ကန်တော့ မင်းကိုပြေးခေါ်ချင်လိုက်တာ
ဘုန်းတစ်ကိုးရှင်ကြီးရယ်...။

အဲ... ငှက်ငယ်လေး ကလည်း အပြေးအလွှား လိုက်ဖွလိုက်ပီဗျို့...
မသီတာကို ရွှေတိဂုံ ဖုရားမှာတွေ့တယ်ဆိုလား...
အော်... ငါ့နှယ်... တစ်ခါလေး အသဲကွဲ ပြလိုက်တာ.... :P

7 comments:

puluque said...

သီတာကို တွေပြီလား သယ်ရင်း.. ငါလဲမင်းကောင်မလေးများ စလုံးမှာရှိမလားလို့ လိုက်ရှာပေးနေပါတယ်ကွာ. မင်းစိတ်မကောင်းမဖြစ်နဲ့သိလား..ငါသိသလောက် မင်းအသစ်ရတော့မယ်ဆိုပြီး ကျိတ်ပျော်နေတယ်ဆို ငါရိပ်မိပါတယ်ကွာ...

Welcome said...

ညီငယ်
အားမငယ်နဲ့ ကွန်မင့် များများရနိုင်တဲ့နည်း အစ်မကြီး KOM မှာ ရှိဒယ်၊ ဒွားဒေါင်းချေ။

http://winzaw-mdy.blogspot.com

Dream said...

ဟားဟား.. ဟုတ်တယ် .. ဟုတ်တယ်...
ဦးဦးပုလုရေ..သေချာရှာပေးလိုက်နော်.. 10
မီလီယန်ပေးမှာတဲ့.. ဟတ်ဟတ်...:P:P
ဦးဝင်းဇော် ကြီးပြောတဲ့ အတိုင်းဆို တီတီကွန်း ဆီမှာ နည်းပညာ သွားတောင်းတော့မယ်..ဟဲဟဲ....

ကဲ.. ကိုရင် ၀သန်ရေ.. ဘာမှ မပူနဲ့..
ဘောပွဲမှာ ဒုတိယ ရလို့ စိတ်မညစ်နဲ့ မသီတာ နဲ့အဆင်ပြေ အောင် ၀ိုင်းဆုတောင်းပေးမယ်... ဟီးဟီး..

Phyu said...

သယ်ရင်း.. သီတာကယ်ပါဦးပေါ့.. ဦးစိုးပိုင်ကြီးကို အကူညီတောင်းပြီး.. အော်ခေါ်ကြည့်.. အဟိ..။
နောက်တာ..စိန်မကောက်နဲ့ ချိတ်ကောက်နဲ့ ထိပ်ခေါက်ခံရမယ်။း)
အဆင်ပြေပါစေ...

ဗီလိန် said...

ပြောပြောက စောရော့ပေါ့ဗျာ။ ဒီနေ့ ဖာဂူဆန်ကို ပြောပြီးခွင့်ယူ ထားတယ်ဗျ။ ကိုခပ်ဆိုရင် ကူညီ ရမပေါ့။

ငှက်ငယ်လေး said...

အော် ဘာကြောင့်များလဲလို့ ...အောက်ကပို့ စ်ကြောင့် တီတီ Dream က ပို့ စ်တင်တာကိုး...။

အင်းလောကကြီးက စမ်းကျယ် လှတယ်နော်...တီတီ Dream တို့ အိမ်မှာ ဆုငွေ လေးများ ရမလားလို့  အပြေးအလွှားအသွား ရှက်တက်လွန်းတဲ့ မသီတာနဲ့ တွေ့ တော့ မျှောင့်လင့်ချက်တွေ ကုန်ဆုံးပြီးအပြန်မှာလေ... တီတီ Dream အိမ်မှာ တင်ထားတဲ့ မသီတာပုံနဲ့ ချွတ်စွပ် ခွဲမရအောင်တူတဲ့ မိန်းကလေး တယောက်ကို တွေ့ လိုက်ရပါတယ်...။

အစအဆုံးကို တော့ ညလေးအိမ်မှာ ပို့ စ်တင်လိုက်မယ်နော် :P

ဖိုးဂျယ် said...

ဟုတ်ပါဗျာ ဆားချက်နည်းသင်တန်းပေးသည်လို.သာ ဆိုင်းဘုတ်ချိတ်ခိုင်းလိုက်တော့ ခပ်ညံ့ညံ့ရေ