ရည်းစားစာ

Photobucket
အင်တာနတ်ပေါ်မှာပဲ ချစ်နေရုံနဲ့တော့
ငါ့ဘ၀ အချိန်ကုန်သွားတာပဲအဖတ်တင်ပါလိမ့်မယ်။

နေကောင်းလားလို့ မေးတိုင်း
အော့ဖ်လိုင်း ဖြစ်သွားတာမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး။

နင့်သူငယ်ချင်းတွေ ဖတ်ဖို့ရေးတာ မဟုတ်လို့
သူငယ်ချင်းလေး နင်ကိုယ်တိုင် ဖတ်စေချင်တာ ငါ့စေတနာပါ။

နင့် နှလုံးသားကို နင်ဖုန်းခေါ်ပါ၊

ပြီးမှ ငါ့ဆီ မေးလ်ပြန်ပို့လိုက်ပေါ့။ ။

1 comment:

khunaung said...

မျက်နှာချင်းမဆိုင်
ကိုယ်ချင်းဝေးကွာနေပေမယ့်
အွန်လိုင်းပေါ်မင်းမျက်နှာလေးကို
လှမ်းကြည့်လိုက်ယုံနဲ့
အနီးမှာရှိနေသလိုပဲ

အသံနဲ့အမူရာမပါပေမယ့်
မင်းကို့ကို ၀မ်းနည်းစရာ
ပြောခဲ့မယ်ဆိုရင်
ကွန်ပျူတာရှေ့မှာ
မင်းရေးတဲ့စာကိုဖတ်ပြီး
ဝမ်းနည်းသွားတဲ့ ငါ့ရဲ့မျက်နှာကို
မင်းမြင်ရမှာမဟုတ်ပါဘူး

ကြည်နူးစရာပြောမယ်ဆိုရင်လည်း
ဒီလိုပါပဲ
ဝေးနေတယ်ဆိုပေမယ့်
နီးနီးလေးဖြစ်နေအောင်လို့
ကို့ကိုသတိရပေးပါ ............ချစ်သူ