တောင်းပန်စကားဆိုခြင်း

Photobucket
ကျွန်တော့် ဘလော့သို့ရောက်ရှိလာသော သူငယ်ချင်းအပေါင်းတို့….
ထို့ထက်ပို၍ ကျွန်တော် သွားရောက်လည်ပတ်သော နေရာအသီးသီးမှ သူငယ်ချင်းအပေါင်းတို့….။ ကျွန်တော်ဟာ ပျော်ရွှင်မှုများအား ခုံခုံမင်မင် ဖန်တီးနေထိုင်တတ်သော လူငယ်တစ်ယောက် ဖြစ်ပါတယ်…။
အခြေအနေ ပေးနေသ၍ ကျွန်တော် ရယ်စရာ များအားဖန်တီး နေပါအုံးမယ်…။ ဒါပေမယ့် ကျွန်တော်ဟာ ဘလော့လောက သို့ ရောက်လာချိန်နောက်ကျနေခြင်းကြောင့် နည်းပညာပိုင်းအားနည်းမှုနှင့် ဤလောက၏ ယဉ်ကျေးမှု(ဆောင်ရန် ရှောင်ရန် )များအား နားလည်ရန်လိုအပ်နေ သေးသည်ဟု ကိုယ့်ကိုကိုယ် ထင်မြင်မိပါတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ စကားလုံးအသုံးအနှုံးများ အပေါ်မှာနားလည်ခွင့်လွှတ်ပေးကြရန် ကြိုတင် ( နောက်မှ ) တောင်းပန်လိုက်ပါတယ်။
သူငယ်ချင်းအားလုံးအပေါ်၌ ခင်မင်ရင်းနှီးလိုမှု ပျော်ရွှင်စေလိုမှု စသောအတွေးများဖြင့် ဤသို့ပြုမူပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်ခင်ည..။
ဥပမာ။ ။ ကျွန်တော်၏ အပြောအဆိုများ……
မမကြယ်စင် ဘလော့၌……
မမကြီးလာလည်တာ….။ အဖေကကျွန်တော့်ကို ဆူတယ်..။ အမေကလည်း ဈေးကပြန်လာတာမုန့်ဝယ်မလာဘူး…။ အဲဒါ လမ်းကြုံရင်တော့ လှည့်ဝင်ခဲ့အုံးနော်။
Dream ဘလော့၌……….
ဟလို…. အဒေါ်လား…. သားပါ။ အင်း သားကျောက်သင်ပုန်းက ကျကွဲသွားတာ။ဟုတ်တယ် မှတ်မှတ်ရရပါပဲ အဲဒီညက ရန်ကုန်မှာ မီးပျက်နေတယ်။ အဲဒါ အဒေါ်ပြန်လာရင်ခဲတံချွန်စက်တစ်လုံးလောက် ဝယ်ခဲ့ပေးနော်။…….. သားမှာကျောက်တံချွန်စရာမရှိလို့..။….
………………….
ရဘူးအဒေါ် ကျောင်းနံရံသားပေါက်သွားတယ် ကျောက်တံကဒီအတိုင်းပဲဗျ။
…………………….
အင်း …. အကိုကြီးမိုးပြေးတောင် ဂျပန်ကို အလည်သွားမလို့လုပ်သေးတယ်.။ ………………………
အင်း…..ရန်ကုန်လေဆိပ်ရောက်မှလမ်းစရိတ်ကုန်သွားလို့တဲ့ မသွားဖြစ်လိုက်ဘူး….။
………………………..
အော…. အဒေါ့်ကိုပြောမလို့ ဟိုတလောက သား စင်္ကာပူကို ရောက်ခဲ့သေးတယ်….. ဆရာတော်လည်းကျန်းကျန်းမာမာပါပဲ။ အဒေါ့်ကိုတောင် မှာလိုက်သေးတယ်။ အနန္တောအနန္တငါးပါးကို မမေ့ဖို့အကြောင်းပါ။ အဲဒါအဒေါ်လည်း မမေ့နဲ့နော် ……. ပြန်လာရင်သူတို့အတွက်လည်း လက်ဆောင်ဝယ်ခဲ့လိုက်ပေါ့။
ရောင်ပြန် ဘလော့၌………..
ရောင်ပြန် ဆယ်စက္ကန့် အခွေထဲမှာ နင်ဆိုထားတာ တစ်ပုဒ်မှ မပါဘူးလို့…. ငါသတင်း အတိအကျ ရထားတယ်…… အဲဒါနင်လည်း ငါ့ဆီမကြာမကြာလာလည်အုံးနော်…။
အဲလိုမျိုးတွေ ကျွန်တော် ရေးလာတတ်ပါတယ်။ တချို့တွေတော့ မမှတ်မိတော့ပါဘူး။ဆိုလိုချင်တာက ကျွန်တော့်အရေး အသား အပြုအမူများအပေါ်မှာ. … အဓိပ္ပါယ် မရှာကြဖို့ နဲ့ ပေါ့ပေါ့ပါးပါး တွေးပီးပြုံးရယ်လိုက်ကြဖို့ပါပဲ..။
ကျေးဂျူးပဲခင်ည။ ။

1 comment:

Dream said...

ဦးလေး ကြိုက်သလိုရေးစေသတည်း...

ဒါနဲ့ ရွာက ဒေါ်ပုမ ကြီးတို့ရော နေကောင်းကြလား..
ဖိုးထောင်တို့ မိတင်လှ တို့ရော ကျန်းကျန်းမာမာပဲလား..
ဒီတခေါက်ပြန်ရင် ကျုပ်လေ သူတို့အတွက် လက်ဆောင်ထည့်ပေးလိုက်မယ်နော်..
အဲဒါ ဦးလေး ရွာပြန်ရင် ယူသွားပေးပါ.. ဟိ..ဟီး.. :P :P :P