အမုန်းစာရင်း ( ၁၀)

ကိုယ်စီကိုယ်စီ ( မိမိကိုယ်ကို )အမုန်းစာရင်းတွေရေးပီး ကြပေရော….။
ကျွနုပ်ကို မရမက လိုက် TAG သူက ဟိုကောင် ခပ်ပိန်းပိန်း ဂျဲဂျယ်ပါ။ ငှက်ငယ်လေး ကလည်း
မြှောက်ထိုးပင့်ကော်…. အနောက်ကနေ လိုက်ဖွပါတယ်။ ကိုယ့်ကိုကိုယ်မုန်းတာတွေ များလွန်းလို့
မရေးပဲနေတာ…….. ပီးတော့လည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုလည်း ဖြစ်နေတယ်လေ။
အခုတော့လည်း ရှောင်မရတဲ့ အဆုံး ရေးရတော့တယ်..။ သက်သက်ညှာညှာပဲထောင်းလိုက်ပါ့မယ်။

လာလေရော့ … မုန်းရတဲ့ အကြောင်း (၁၀) ချက်
(၁) ရည်ရွယ်ချက် မရှိခြင်း
( အများတကာလို တနေ့ဘာဖြစ်ရမယ် ဟူသော ရည်ရွယ်ချက်မျိုး ကျွန်တော့်မှာရှိမနေပါ )

(၂) အချို့သောပုဂ္ဂိုလ် များအားကိုယ်နင့်မဆိုင်သော်ငြား မုန်းမိနေခြင်း
( တချို့သော လူများအား ကြုံဖူးကြပါလိမ့်မယ်။ ။ “ငါ့မိသားစုမှ ဘာမှမဖြစ်တာကွာ သိပ်စိတ
မဝင်စားပါဘူး”။ ။ “မင်းတို့ အဲဒီကိစ္စပြောနေတော့ လစာ တိုးမှာလား” တဲ့ ။ ။ “ ဟီးရိုးလုပ်ချင်
တာကိုးကွ အဖမ်းခံရမှာပေါ့..” တဲ့ .. အလားတူစိတ်ဓါတ်ရှိသူ မျိုးအား ကိုယ်နင့်မဆိုင်သော်ငြား
မုန်းတီးတတ်သော စိတ်ရှိပါတယ်။)

(၃) အားငယ်တတ်ခြင်း
(နေမကောင်း ဖြစ်နေတဲ့အခါ၊ အပေါင်းအသင်းမဲ့ တစ်ယောက်တည်းနေရတဲ့ အခါ အလွန်အား
ငယ် တဲ့စိတ်ဖြစ်တတ်ပါတယ်။)

(၄) အစွဲအလမ်း ကြီးခြင်း
( ခံစားချက်တစ်ခုခုအား တာရှည်အစွဲ အလမ်း ထား၍တာရှည် ခံစားနေတတ်သည်။ ဒါလည်း မကောင်း။)

(၅) အိပ်ယာထ နောက်ကျတတ်ခြင်း
( နာရီ အလန်း မြည်ချိန် ချက်ချင်း ထ ပါသည်။ ထို့နောက် အလန်းပိတ်၍ ပြန်အိပ်တတ်သော
နေ့စဉ် အကျင့်တစ်ခုကိုလည်း မုန်းပါသည်။)

(၆)စောစော မအိပ်တတ်ခြင်း
( စောစောအိပ်ယာဝင်သော အကျင့်မရှိပါ။ အကျင့်လုပ်သော်လည်း အိပ်မပျော်ပါ။ မရပါ။)

(၇) တွေးတော မှုလွန်ကဲခြင်း
(တစ်ခါတစ်ရံ ( အမြဲလိုလို ) အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပါပဲ စဉ်းစားတွေးတော
ခန်းဖွင့်နေတတ်ပါတယ်။ အဲဒါလည်း မကောင်းသော အကျင့်တစ်ခုပါ။)

(၈) ပြဿနာတစ်ခုအား ချက်ချင်းဖြေရှင်းလိုခြင်း
(မိမိမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပြဿနာတစ်ခုအား ချက်ချင်းဖြေရှင်းလိုစိတ်
ပြင်းပြတတ်သည်။ (ခေါင်းအေးအေးထားစဉ်းစားခြင်းကိုမလိုလား))

(၉) အဝတ်လျှော် မီးပူတိုက်ရန် အလွန်ပျင်းတတ်ခြင်း
( အဝတ်တန်ဆာတို့သည် ဝတ်ဆင်ရသော အချိန်၌ အလွန်ရှားပါး၍၊
လျှော်ဖွတ်ရသော အခါ၌မူ ပေါများနေတတ်သည်။ ထို့ကြောင့် ပျင်း၏။
( ယခု လျှော်၊ တိုက် အပြီး လုပ်ပေးသော အခါ၌ တစ်ပါတ်နှစ်ကြိမ်
ထို Laundry သို့ပို့ရန် ပျင်းပြန်လေသည်။)

( ၁၀) ကံမကောင်းတတ်ခြင်း
( ကလေးဘဝမှ စ၍ကံစံမဲပေါင်း မြောက်များစွာ ထိုးဖူးခဲ့သည် ။
သို့သော် တစ်ကြိမ်မျှ မပေါက်ဖူးခဲ့.. ( ချဲ၊ နှစ်လုံးထီ အပါအဝင်)။
အချစ်ကံလည်း မကောင်း….. မိမိအား ချစ်လှပါသည်ဟု အပြောခံခဲ့ရဖူးသည်။
များမကြာမှီ ထိုမိန်းကလေးလည်း အခြားသူနှင့် အိမ်ထောင်ပြုသွား၏။
မိမိက ချစ်ပါသည်ဟု….. အမြှုပ်ထွက်အောင် ပြောခဲ့ဖူးပါသည်။ သို့သော်
လုံလောက်သော အဆင့်တက်မလာသော ဘဝကိုလည်း ရင်နာမိပါ၏။)

(၁၁) အဲ…. ပိုရေးလို့ရလား ဗျို့…. ၁၀ ချက်ပဲလား ဂျဲဂျယ်။ ဒါဆိုလည်း တော်ပီ။

7 comments:

Dr Phyo Wai Kyaw said...

တူတယ် တူတယ်
ဘာတူတာလဲတော့ မပြောဘူး
တူတော့တူတယ်
:D

ဖိုးဂျယ် said...

ခပ်ညံ့ညံ့ကောင်ရေ
ကျန်သေးရင်ဆက်ရေးလေ
ဒါမှမင်းမကောင်းကြောင်းများများသိမှာ
ဟီဟီ ဖွပေးသွားတာ

ငှက်ငယ်လေး said...

(၃) အားငယ်တတ်ခြင်း
(နေမကောင်း ဖြစ်နေတဲ့အခါ၊ အပေါင်းအသင်းမဲ့ တစ်ယောက်တည်းနေရတဲ့ အခါ အလွန်အား
ငယ် တဲ့စိတ်ဖြစ်တတ်ပါတယ်။)

(၄) အစွဲအလမ်း ကြီးခြင်း
( ခံစားချက်တစ်ခုခုအား တာရှည်အစွဲ အလမ်း ထား၍တာရှည် ခံစားနေတတ်သည်။ ဒါလည်း မကောင်း။)
.................

တူတယ်သိလား အဲအချက်တတွေ

ဗီလိန် said...

၂၊ ၅၊ ၆၊ ရ က တူတယ်ဗျ။ ၇ ကတော့ကောင်းပါတယ်ဗျာ။ မကောင်းတဲ့အကျင့်မှ မဟုတ်တာ။

Dream said...

အဲလောက်တောင်မုန်းရလား... .ဟီဟိ... :P

WWKM said...

ကောင်းလိုက်တဲ့ ၁၀ ချက်.
ဟတ်ဟတ်
လာဖတ်သွားတယ် ညံ့ညံ့ ရေ..

Anonymous said...

ဟ... အတော်များများတူတယ်ဗျာ။
ကံတူအကျိုးပေးတွေပေါ့ဗျာ ဟီး