ကျွန်တော့် အကြိုက်ဆုံးထဲမှကဗျာတစ်ပုဒ်

“ကျောင်းတော်က သူငယ်ချင်းအဝါ…”

လွမ်းတယ်ကောင်မလေးရယ်………
ဘယ်ကဗျာတွေဆီရောက်ရောက်
နင့်ရဲ့စိတ်တံခါးကို လှမ်းလှမ်းခေါက်မိတယ်။
ငါ့ကိုယ်ငါ လွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမဲ့ ကျောင်းတော်ကဖြင့်
ခုထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း
ငါ့အတွက်တော့ ချစ်ချင်းတရားဟာ
တချို့ခေါင်းလောင်းကြိုးတွေလိုပါပဲ
ဘယ်လိုဆွဲဆွဲ
တံခါးက ပွင့်မလာခဲ့ဖူးလေ။
ဒီအရွယ်ရောက်မှ
ဆောင်းဦးပေါက်မိတာကလည်းမထူးတော့ပါဘူး…..
အစကတည်းက သူငယ်ချင်းဆိုတာ
ဆွတ်ခူးဖို့မှ မဟုတ်ခဲ့ပဲကွယ်။ ။

(တာယာမင်းဝေ)


အဲဒါကတော့ ကျွန်တော် အကြိုက်ဆုံးထဲက ကဗျာတစ်ပုဒ်ပဲဖြစ်ပါတယ်။
ကျွန်တော့်လိုပဲ ဘလော့ဂ် ဂါကဗျာချစ်သူလေးတွေ ဆီမှာသေချာပေါက် ရှိခဲ့ကြလိမ့်မယ်ထင်ပါတယ်။
ကဲ….. လာလေရော့…….
စက်သေနတ်နဲ့ ဒက်…… ဒက်…….ဒက်…….ဒက် မြည်အောင်TAG လိုက်မယ်။

ဗီလိန်
ဂျဲဂျယ် (ခပ်ပိန်းပိန်းကောင်)
ကိုအလှတရား

ကိုဝင်းဇော်
ကိုမိုးသောက်
တက်လူငယ်
ရန်နိုင်
အလွမ်းပြေ
အမဝါဝါခိုင်မင်း

ငှက်ငယ်လေး
မေ (စိတ်ဖြေရာ)
ရောင်ပြန်
တန့်တန့် ( Rainbow)
မမစိမ်း ( Green Girl )

ဂုဂု ( မယ်ဂုမိ )
မက်မက် ( Dream )

သင်၏ နာမည်ကိုတွေ့ခဲ့ပြီလော….. ( သေချာပြီ…. သင် ထီမထိုးပဲ ရေနစ်လေပြီ)

အထက်ပါအတဂ် ခံရသူများသည် “ကျွန်တော်(ဝါ) ကျမ အကြိုက်ဆုံးထဲမှ
ကဗျာ တစ်ပုဒ်” ခေါင်းစဉ် အမည်ဖြင့် မဖြစ်မနေရေးရမည်ဖြစ်ပါသည် ( မည်သို့မှ
ရှောင်၍မရ)။ထိုသို့ ရေးသားရာ၌ အောက်ပါစည်းကမ်းချက်များနှင့် ကိုညီစေရန်
လိုက်နာရမည်ဖြစ်ပါသည်။

(၁) ကဗျာရေးသူသည် အနည်းဆုံး ပညာအရည်အချင်း အခြေခံပညာ
မူလတန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရပါမည်။ထိုအဆင့်၌် လေးကြိမ်ထက်မနည်း
အရိုက်ခံ( အပြစ်ပေး )ခဲ့ ရဖူးသူဖြစ်ရပါမည်။
(၂) အရည်အချင်းစစ် စာမေးပွဲ တစ်ခုခု၌ မသမာသောနည်း (ခိုးချ၍)
ဖြေခဲ့ဖူးသူဖြစ်ရပါမည်။
(၃) လူ သုံးဦး ထက်မနည်း မြင်နိုင်ဖွယ် မြင်ကွင်းတစ်ခု၌ ခလုတ်တိုက်
ဖူးသူဖြစ်ရပါမည်။ ခွေးအကိုက်ခံရဖူးသူ( သို့မဟုတ် ) နင်လားငါလား
အဟောင် ခံရဖူးသလည်ူးဖြစ်ရပါမည်။
(၄) မိမိရေးသားသောကဗျာသည် ဟိုက်ကူ (ဂျပန်) အမျိုးအစားမှလွဲ၍
စာကြောင်း ရေ ငါးကြေင်းထက် မလျှော့နည်းရ။
(၅) ကိုယ်တိုင်ရေးကဗျာ မဟုတ်ကြောင်း လုံးဝ အာမခံနိုင်ရမည်။
( ဘလော့ဂ်ဂါ အချင်းချင်း “ရော့ ငါ့ကဗျာ နင်ရေး ၊ နင့်ကဗျာငါရေး မယ်”
ဟူ၍လည်း လူလည် မကျရ။)
(၆) ဤပို့စ်နှင့် ပတ်သတ်၍ အခြားသော စကားဝိုင်းတစ်ခုခု ၌အတင်းမပြောရ၊
မရှုံ့ချရ၊ အရွဲ့မတိုက်ရ။
(၇) အမှန်တကယ် အိပ်ယာထဲ ဗုန်းဗုန်းလဲနေသူ(နာမကျန်း၍)၊ အမှန်တကယ်
ကိုယ်ရေး ကိုယ်တာကိစ္စရှိနေသူ ( အသဲကွဲသူမပါ ) များအား အခြေအနေအရ
ကင်းလွတ်ခွင့်ပေးမည်။ သို့သော် သက်ဆိုင်ရာ ခိုင်လုံသော အကြောင်းပြချက်အား
မိမိလက်အောက်ငယ်သား၊ ညီ/မောင်၊ ညီမငယ် တို့၏ အာမခံထားသော
လက်မှတ်ဖြင့် တဂ်ဂါ ထံသို့ 21.December.2012 နောက်ဆုံးထား
၍ပေးပို့ရပါမည်။
(၉) ဤ တဂ် အားရေးသားပြီးသူသည် ၂၀၀၈ ခုနှစ်ဒီဇင်ဘာလ ၈-ရက်နေ့
အတွင်း မိမိတို့သက် ဆိုင်ရာ စာမျက်နှာများ၌ တင်ထားရမည်ဖြစ်သည်။
ဤရက်အပိုင်း အခြားအတွင်း ဆားချက်ခြင်း၊ ငံပြာရည် ကြိုခြင်း၊ ငါးပိသိပ်ခြင်း
များအားရှောင်ရှားရပါမည်။
(၁၀) အထက်ပါ စည်းကမ်းချက်များအား တိုက်ရိုက်ဖြစ်သော်လည်းကောင်း၊
သွယ်ဝိုက်၍ သော်လည်းကောင်းဖောက်ဖျက်ပါက အောပိုင်းအတိုင်း
အပြစ်ပေးခံရပါမည်။
(၁၀-က) ပြည်ပတွင်ရောက်ရှိနေသူသည် မြန်မာပြည်သို့ ပြန်ရမည့်
ရက်ထက် တစ်နှစ်နောက်ကျမှပြန်စေသော အပြစ်ဒဏ်ဖြင့်ဖြစ်စေ၊
(၁၀-ခ) ပြည်ပသို့ ထွက်ခွာရန်စီစဉ်နေသူသည် သတ်မှတ်ရက်ထက်
တစ်နှစ်နောက်ကျမှ ထွက်ခွာ ရသောအပြစ်ဒဏ်ဖြင့်ဖြစ်စေ၊ ဒဏ်နှစ်ရပ်
လုံးဖြင့် ဖြစ်စေ အပြစ်ပေးခံရမည်ဖြစ်သည်။
(၁၁) အထူးတုံ့ပြန်မှုတစ်ခုအနေဖြင့် အားလုံးသော ကဗျာများအနက်မှ
တစ်ပုဒ်အား နံကြား လက် ထောက်၍သော် လည်းကောင်း၊ ရမ်းသမ်း
မဲနှိုက်၍သော်လည်းကောင်း ရွေးချယ်ကာ ကျွန်ုပ်၏ စာမျက်နှာပေါ်၌
တင်ပြသွားမည်ဖြစ်ပါသည်။ ထိုပို့စ်အား လာမည့်ဒီဇင်ဘာ ၉-ရက်နေ့ မြန်မာ
စံတော်ချိန် မွန်းလွဲ ၃-နာရီခွဲ ဝန်းကျင်တိတိ ( ဒေသစံတော်ချိန် နံနက် ၁၁-နာရီ
ဝန်းကျင်တိတိ) တွင် ကြေညာတင်ပြသွားမည်ဖြစ်ပါသည်။
(၁၂) ထိုအရွေးချယ် ခံရသော ပုဂ္ဂိုလ်အား ဂုဏ်ပြုသောအားဖြင့် လာမည့်
သင်္ကြန်ရက်ကာလ အတွင်း ဝေယာဝစ္စကိစ္စ အဝဝတို့အားကျွန်နုပ်မှ တာဝန်ယူ၍
၇-ရက်တန်သည်၊ ၁၀-ရက်တန်သည် တရားစခန်း ဝင်စေမည်ဖြစ်ပါသည်။ အခြေအ
နေပေးပါက ဒုလ္လဘ ရဟန်းခံစေခြင်းဖြင့်လည်းကောင်း၊ သီလရှင်ဝတ်စေခြင်း
ဖြင့်လည်ကောင်း စီစဉ်ပေးသွားမည်ဖြစ်ပါသသည်။ ( မြန်မာပြည် တွင်မရှိပါက
ပြန်ရောက်သော နှစ်ကာလအထိအကြုံးဝင်ပါသည်။)

ကျေးဇူးင်ပါသည်
အဲဒီတာချုပ်၊ စာတည်းမှူး
ပြာတာ၊ ဓမ္မသာရ ပီယဝါစာ

ခပ်ညံ့ညံ့ကောင်

12 comments:

Dream said...

အမလေး.. အမလေး.
ပေါရက်ပါပေ့.. ကိုချူချာရယ်
ဟွင့်... ဘီလိုလုပ်ရပါ့...
ဒါဆို သပြေသီး မှည့်ကောက်စို့ကွယ်
ကဗျာလေး တင်ပေးမယ်... ဒါမှမဟုတ်
စည်းလုံးညီဖြာ အောင်ကြောင်းဖြာ..
အဲဒီကဗျာတွေဆို ရမလား... ဟိဟိ..
ရက်စက်ပါပေ့.. ဟင့်ဟင့်....
လူဆိုး.. ဟွင့်...

WWKM said...

အသစ်တင်ထားတာတွေ့လို့ ပျင်းလို့အိမ်လာလည်မိပါတယ်.
မလာခဲ့မိရင် အကောင်းသားပေပဲ.

"ကျီးဖြူကျီးမဲ တစ်ကောင်တည်း
ကျီးမဲဘယ်မှာနေ.
ကျီးဖြူအိမ် ဘယ်မှာဆောက်
အာလောက်လောက်
အာလောက်လောက်. :D"

ဟတ်ဟတ်ဟတ်
တစ်ခါတည်းရေးသွားပေးတယ်နော်.

ရေးပီးဘီ.
တာ့တာ
လာမခေါ်နဲ့
ပျင်းနေတယ်.
ဒါပဲ
အစ်မ၀ါ

ဗီလိန် said...

ဘယ်လိုကြီးလဲဟ အဲဒါကြီးက။ တညိုးကြီးပဲ။ အကုန်ကိုက်တယ်ဗျ။ ကိုယ့်ကဗျာကိုယ်မရေးရ ဆိုတာမပါရင် အကုန်လုံးကိုကိုက်တာ။
မူလတန်းဆင့် ဗီလိန်ကအောင်ပြီးသား။ ၄ကြိမ်ထပ်မနည်းဘူး အရိုက်ခံရတာကလည်း အဲဒီတုန်းက။ ခိုးချတာကတော့ ပြောမနေနဲ့တော့။ စပယ်ရှယ်လစ်ကို ဖြစ်နေပြီ။ သင်တန်းတောင် ဖွင့်စားမလို့။ ခလုတ်တိုက်၊ နဖူးကွဲ၊ ဒူးပြဲတွေကလည်းစုံလို့။

အောက်ကျတော့မှ ကိုယ့်ကဗျာကိုမရေးရဘူးဆိုတော့။ ဂစ်ပီ ရအောင်ရေးမယ် ကိုက်မှာ မဟုတ်ဘူး။ ၁၂ ချက်စလုံးပြည့်ဖို့က မဖြစ်နိုင်ဘူး ဈေးနည်းနည်းလျှော့။

Dr Phyo Wai Kyaw said...

ဟားဟားဟား
ရတယ်လေ
အရည်အချင်းမီတယ်
တင်မယ်
သို့သော်လည်း တရားစခန်းဝင်ရင်တော့
ခင်ဗျားကိုပါ ဒုလ္လဘ ၀တ်ခိုင်းမယ်
ကုသိုလ်များများ၇အောင်။
:D

သက်တန့် said...

ဟိုက်ရှားလဘတ်...
ငါလည်း စက်သေနတ်စာ မိသွားပါလားဟ...
လာမယ် လာမယ်...
နည်းနည်းတော့ အချိန်ယူမယ်...
ဖြစ်တယ်ဟုတ်...
သြော်... ဖြစ်တယ်လား...
ဒါဆို ဒိုးပြီ...

GreenGirl said...

စက်သေနတ်စာတော့ ထိပြီ...အချိန်လေးတော့ ပေးပါဦးနော်။ :P

တက်လူငယ် said...

အိုး..ဂေါ့...
အယ်ဒီတာရဲ့ စည်းကမ်းချက်တွေက ကြမ်းလှချည့်လား။
လာမယ်..ကြာမယ်..တက်လူငယ်

Anonymous said...

အလဲ့ စည်းကမ်းချက်တွေနဲ့ အကုန်ညီတယ်ဟ
တယ်တော်တဲ့ ငါပဲ အဟီး ..
ကဗျာတွေ ကြိုက်တာက များလွန်းလို့ တော်တော်ဦးနှောက်စားမယ့် ပုံပဲ ...
ဒါနဲ့ သူငယ်တန်း ဖတ်စာထဲက ကဗျာ တင်လို့ရမလား မသိဘူး ခင်ဗျ :P
မိုးရေ တက်ရေ တစ်ဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာနေ
ဆိုတာလေ အဟေးဟေး
ရေးပေးမယ်ဗျာ အကြိုက်ဆုံး တစ်ပုဒ်

လွမ်းသုရင် said...

မောင်လေးရေ...အစ်မဘလော့ခ်က ဒိုမိန်းပြောင်းနေတုန်းပါ။ ပို့စ်အသစ်တင်လို့ အဆင်မပြေဖူး ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် မောင်လေးရေးစေချင်တဲ့ ပို့စ်ကို အစ်မဘလော့ခ်အစား ဒီနေရာမှာ လာရေးပေးတာပါ။ ဘလော့ခ်ကောင်းရင် ဘလော့ခ်မှာ ပြန်တင်ပေးပါ့မယ်။ မောင်လေးအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။

ဒီကဗျာလေးက သုံးတန်းဖတ်စာမှာ သင်ခဲ့ရတဲံ ကဗျာလေးပါ။ ရေးတဲ့သူကိုတော့ မသိပါဘူး။ ဒါပေမယ့် အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံးဖြစ်လို့ ရေးပေးလိုက်ပါတယ်။

တောင်ကြီးဖ၀ါးအောက်

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့တစ်လုံးကျန်ပေသမို့ ဖန်ဖန်လေအားအင်တိုးလို့ ရယ် ကြိုးလျှောက်ရပြန်... ခါတလေတကယ်ပန်းတာကြောင့် တော်ပါပြီဆက်မလှမ်းချင်ဘု... ရပ်တန်းကရပ် မယ်ကြံ အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့
တစ်နေ့ မှာဆုံးရာရောက်ပါလိမ့်
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား...။


မောင်လေး ဂျူဝသန် ကျေနပ်မယ်လို့ ထင်ပါတယ်။

GreenGirl

Anonymous said...

အကြိုက်ဆုံးကဗျာတစ်ပုဒ်ကို ဂျဲဂျယ်ဆီက တစ်ဆင့်လာဖတ်ပါတယ်၊ တာရာမင်းဝေရဲ့ ကဗျာတွေကို ကြိုက်တာ တူတယ်၊

စည်းကမ်းချက်တွေကို သတ်မှတ်ထားတာ တော်တော်လေး သဘောကျသွားတယ်၊ အိုင်ဒီယာကောင်းကောင်းနဲ့ ဟာသစွက်ပြီး ဖောက်ထားတာ ပြုံးမိသွားတယ် ...။

GreenGirl said...

မောင်လေးရေ...အစ်မဘလော့ခ်မှာ တင်ထားပြီးပါပြီ။
ခေါင်းစဉ်က အစ်မ အမှတ်မှားနေတယ်။ အမှန်က ထိပ်ဆုံးသို့ ပါ

Anonymous said...

ကဗျာလေးကို သဘောကျတယ်ဗျ။