လွဲချော်ခြင်း



ထိပ်ထားရေ.....
နင့်ရဲ့ တခဏ
ကြယ်ကြွေညတွေနဲ့ ဆုံဖြစ်တဲ့အခါ.....
ငါ့ရဲ့ဆုတောင်းသံလေးတွေ ကို သတိရလိုက်ပါ။
နင်မမြင် နင်မသိပေမယ့် ငါ့အိပ်မက်ထဲ........
ဖျက်ကနဲ ပွင့်လာတဲ့ပန်းလေးဟာ
နင်ပါပဲ ထိပ်ထား..။
မြင်သာယုံလေးပဲ
ခိုးကြည့်ရ.... ကြည့်ရပါ
နင့်ရဲ့ လာရာလမ်းမှာ
ငါ့အလွမ်းတွေ ခင်းရင်း...ခိုးကြည့် ချင်ပါတယ်။
တနေ့နေ့တော့ ဖြစ်လာမှာပါ......။
တနေ့နေ့ တော့ဖြစ်လာမှာပါ။
ရန်ကုန်မှာလည်း
မိုးတွေ ရွာအုံးမှာ မဟုတ်လား...။
ဇီဇ၀ါပန်းတို့လည်း ပွင့်ကြအုံးမှာပါ...။
ငါ့ရဲ့ သံစဉ်တွေ ကိုနားထောင်ရင်း
ရွှေရောင်တောက်နေတဲ့
မိုးညနေခင်းလေးမှာ... ငါ့ကို သတိရပေးပါ။
ပြိုင်ဘက်တွေ ပေါတဲ့ငါ့အတွက်..
ချစ်တဲ့သူတွေ ပေါတဲ့နင့်ရင်ခွင်အခန်းလေးမှာ
နောက်ဆုံး အတန်းကပဲဖြစ်ဖြစ်
နေရာရချင်မိပါတယ်။
အဲဒါပါပဲ...ထိပ်ထား...
အဲဒါထက်ဘာမှ မပိုပါဘူး။ ။

1 comment:

Anonymous said...

နင်မမြင် နင်မသိပေမယ့် ငါ့အိပ်မက်ထဲ........ ဖျက်ကနဲ ပွင့်လာတဲ့ပန်းလေးဟာ နင်ပါပဲ ထိပ်ထား..။

ဒီနေရာလေးကို အကြိုက်ဆုံးပဲဗျာ ..
တည်ကြည်ခိုင်မြဲတဲ့ အချစ်ကို တွေ့ရတယ်..
ကဗျာကောင်းလေးပါပဲဗျာ ..
ဆန္ဒတွေ ပြည့်ဝပါစေဗျာ