ဒဂုံတက္ကသိုလ် နှင့်ကျွန်တော်

(ဒီကဗျာလေးကတော့ ကျွန်တော်ကျောင်းမှာ အမှတ်တရ အပျော်ရေးခဲ့တာပါ။ ဒီအတိုင်းလေးပြန်တင်လိုက်ပါတယ်။
ဒီလိုပေါ့ ရယ်စရာတွေကြံဖန် လုပ်ရတာပဲ…..
ဒန့်.....ဒန့်.....ဒန့်)

Distance မို့
ဒို့တတွေ
ဒဂုံမြေမှာ
ဒဿမရက်
Daily တက်ဖို့
ဒရောသောပါး နဲ့
ဒရွတ်တိုက်ဆွဲ
ဒိုင်နာကို
ဒေါင့် အစွန်မှာ တွဲလို့
ဒါဒါတော့ ဘယ်လိုသွားလဲသိဘူး။
ဒိန်းတလိန်းနတ်
Dancer ကသလို
ဒဂုံလမ်းက
ဒန်းစီးရသလိုပေါ့။
ဒွေးလှပြောတဲ့ ခလေက်ရယ်တဲ့………
ဒိုးဒိုးဒေါင်
ဒို့ရွာက
ဒလိမ့်တုံးကြီးတောင် သတိရမိပေါ့။
ဒိုးလျှိုပေါက်
ဒီကိစ္စတွေလည်း
ဒိုင်ယာရီထဲ
ဒိတ်ထားဆဲပေါ့။
ဒါတွေတော့ ထားပါ
ဒါတင် ဘယ်ကမလဲ
ဒိတ်ဒိတ်ကျဲ ပူလိုက်တဲ့နေ
ဒူးရင်းသီးကေနဲ့
ဒိုက်ဦးက
ဒေစီတစ်ယောက်
ဒဿနိကအဆောင်အောက်မှာ
ဒေါက်ဖိနပ်ပေါက် လို့
ဒုက္ခရောက်နေသတဲ့။
ဒင်းတို့ကို
ဒေါင်ထိုင်ဘို့ သွားအခေါ်
ဒုပါချုပ်ကြီးလှမ်းအော်လို့
ဒါပဲနော်။ ။

5 comments:

Anonymous said...

ကဗျာက ရီရတယ်ဗျို့ ..မိုက်လည်း မိုက်တယ်
အခုလို ရေးတတ်တာ ချီးကျူးပါတယ်ဗျာ

ဒီဇင်ဘာနှင်း said...

ကိုဂျုဝဿန်ရေးထားတဲ့ကဗျာလေးဖတ်ပြီး ဒဂုံကျောင်းသွားတဲ့အခါ ကားစီးရတဲ့ခံစားချက်ကိုပြန်သတိရမိတယ်။ ကျောင်းသားဘ၀ကိုပြန်လွမ်းမိတယ်။

ဖိုးဂျယ် said...

အင်း ရယ်ရတယ်ဗျာ။ ကျောင်းသားဘ၀ကို ပြန်ရောက်သွားသလိုပဲ ရေးတတ်လိုက်တာ သူများသားသမီးတွေများ တော်လိုက်တာ။

မဆုမွန် said...

ဒဂုံ ကျောင်းကို သတိရလိုက်တာ
အစ်မတို့ တုန်းက...၁၉၉၆မှာ ပထမနှစ် လေးနှစ်ပိတ် တစ်နှစ် အထုတ်ခံရ နောက်ဆုံး ၂၀၀၃မှ ဘွဲ့ ရ အလုပ်ကိုဖြစ်နေတာပဲ
သီချင်းလေးတောင် မှတ်မိသေး
ဂိတ်ဝအတိုင်း တော်ဝင်လမ်းကို လှမ်းဝင်လာရင် န၀တ အနီတုံးကြီး ပတ်လည်မှာ ရှိုးထုတ်တာလေးတွေ. မလေးရှားပိတောက်ဝါလေးတွေ .ပတ်ကြားအတ် ကော်ရစ်တာတွေ ဒဂုံကျောင်း ဆောင်ပုဒ်ဖြစ်တဲ့
စိတ်ထားကောင်းမြတ် ကျင့်ဝတ်လိုက်နာ ပညာထူးချွန် လူရည်မွန်များ မွေးဖွားရိပ်ခို တို့ တကသိုလ်တဲ့..
ဘာပဲပြောပြော ခုနှစ်တက်လိုက်ရတဲ့ ကျောင်းကို လွမ်းတယ်..

ယောနသံစင်ရော် said...

ကျောင်းတုန်းကတော့ ဒီလိုကဗျာလေးတွေကိုဖတ်ပြီး
နှစ်ချိုက်စွာ ရီမောခဲ့ရတယ်
ခုတော့..ဖတ်ပြီး
နှစ်နှစ်ကာကာကြီးကို လွမ်းမိတယ်။